"ဟုတ်၊ သူ. . .သူ အလုပ်မပြီးသေးလို့"

ထိုကောင်လေး၏ မျက်လုံးများက ဂနာမငြိမ်ဖြစ်နေသည့်အပြင် သူ့အား သေချာပြန်မကြည့်တာကို ရိုင်းလ် သတိထားလိုက်မိတာကြောင့်-

"မင်းတို့နှစ်ယောက်တူတူ လုပ်ရတာကို သူကကျ ဘာလို့ မပြီးရတာလဲ"

ထိုကောင်လေးက ပြန်မဖြေတော့ဘဲ စာအုပ်ကိုသာ သဲကြီးမဲကြီး ပြန်ငုံ့ဖတ်နေတာကြောင့် ရိုင်းလ်တစ်ယောက် ခေတ္တရာ အလုပ်လုပ်ရာနေရာသို့ သွားကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

.
.
.

မှောင်ရီပျိုးစအချိန်မို့ ကစားကွင်းဖက်ထဲ၌ မည်သူမျှမရှိ။

ရေး မျက်မှောင်ကြုတ်မိသွားသည်။ ရိုင်းလ် ခေါ်သည့်နေရာက တကယ်လူပြတ်တဲ့နေရာမို့ ဒီကိုကို ဘာတွေကြံနေပြန်ပြီလဲဆိုတာအား ကျောချမ်းသွားမိရင်း ထိုအနောက်ဖက်ထဲသို့ လျှောက်လာခဲ့ရသည်။

သို့သော်ငြား ထိုအနောက်ထဲ၌ ဘယ်သူမျှမရှိ။

"ကိုကို ကျွန်တော်ရောက်ပြီ၊ ဘယ်မှာလဲ"

ခွပ်!

"အ့!"

ထောင့်ချိုးက လူရိပ်ကို ရေး အာရုံစိုက်ပြီး တိုးကပ်သွားမိစဉ် နောက်လိုက်လူမိုက်တစ်စု ရေး၏ ခေါင်းကို အုတ်နီခဲနဲ့ အောင်မြင်စွာ ရိုက်ချလိုက်နိုင်ပြီဖြစ်သည်။ ထိုစဉ် ထောင့်ချိုးက လူမိုက်ခေါင်းဆောင်ကောင်လည်း တဟားဟားရယ်ရင်း ပြန်ထွက်လာခဲ့ပြီ။

ရေးခေတ္တရာ၏ ခေါင်းမှ သွေးတွေ စီးကျလာတာကို ကျေနပ်စွာ အရသာခံပြီး ငုံ့ကြည့်လိုက်ရင်း ပြန်ထဖို့ အားယူ‌နေသည့် အကြောတင်းကောင်၏ လက်ကို ထိုလူ သူ့ဖိနပ်နဲ့ တက်နင်းထားလိုက်သည်။

"မင်းက တကယ်ကြီး လာတာပဲ။ မထင်ထားဘူး၊ ငါတို့က လာပါ့မလား စမ်းကြည့်တာကို ဘာတဲ့ ကိုကိုဆိုပါလား။ ကောင်လေးက မျက်နှာ‌လှလှလေးရှိ‌နေရက်နဲ့ gay နေမယ်လို့ မထင်ရက်စရာပဲ၊ ကျွတ် ကျွတ်"

"ဟက်၊ ယောက်ျားဖြစ်ပြီးတော့ ချုံခိုတိုက်‌နေတဲ့ မင်းတို့ကရော တော်တော်မြင့်မြတ်နေတာမို့လား။ ဘယ်လိုဖြစ်ဖြစ် ငါက မင်းလို မုဒိမ်းသမားတော့ မဟုတ်ဘူးလေ"

Snowless Winter Dream [Completed]Where stories live. Discover now