Ch 556 to Ch 560

Start bij het begin
                                    

ယန်ချီလည်း ပေါ့ပါးစွာပြုံးလိုက်ပြီးနောက် ပြောလိုက်တယ်။

"ဒီမေးခွန်းကို ကျွန်တော် ဖြေနိုင်မယ် မထင်ဘူး"

အင်ပါယာယီယွင်က ယန်ချီရဲ့အဖြေကိုကြားတဲ့အခါ သူက ဘာမှဆက်မမေးတော့ပါဘူး။

ချက်ချင်းပင် အင်ပါယာက တိုက်ပွဲနယ်မြေကိုရှင်းလင်းဖို့ အမိန့်ပေးလိုက်တယ်။

အဆင့် ကိုး နတ်ဆိုးသားရဲ နယ်သာနတ်ဆိုးလင်းယုန် သေဆုံးသွားပြီးနောက် ကောင်းကင်ကြယ်အင်ပါယာက တကယ်ကို ဘေးကင်းသွားပါပြီ။

ယန်ချီနဲ့ မဝေးတဲ့နေရာမှာရှိတဲ့ ကျိုးဇီကတော့ သူမရဲ့ဖြူလွှလွှမျက်နှာထက်မှာ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့တယ်။

သူမရဲ့အနာဂတ်မှာ ဒီလောက်ထိတ်လန့်မှုကိုကြုံရမယ် မကြုံရဘူးဆိုတာ မသိပေမဲ့လည်း ဒီလိုထိတ်လန့်မှုမျိုးကိုတော့ အရင်က မကြုံဖူးပါဘူး။

ယန်ချီပြခဲ့တဲ့စွမ်းအားတွေက သူ့ရဲ့ကိုယ်ပိုင်စွမ်းအားမဟုတ်ဘူးဆိုတာ မြင်ပေမဲ့လည်း ဘာကြောင့်များ ယန်ချီက အသုံးပြုနိုင်တာလဲ။ဒါက သူမအတွက် ဗဟုသုတအသစ်တစ်ခုဖြစ်နေခဲ့တယ်။

ကျိုးဇီက သတိပြန်၀င်လာပြီးနောက် ယန်ချီဘေးကိုလျင်မြန်စွာ လျှောက်လာခဲ့တယ်။

"စီနီယာ...ရှင်က အရမ်းကို အံ့အားသင့်ဖို့ကောင်းတာပဲ"

အဲ့ဒီ့စကားလုံးတွေက ကျိုးဇီရဲ့စိတ်ရင်းကနေ တကယ်ပြောလိုက်ခြင်းပါ။

သူမအနေနဲ့ အရှေ့ပိုင်းနယ်မြေ ကောင်းကင်ကြယ်အင်ပါယာမှာ ဒီလိုအစွမ်းထက်တဲ့ပါရမီရှင် ရှိနေလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။

"အင်း"
ယန်ချီလည်း ခေါင်းညိတ်လိုက်တယ်။

"ဒင်.....သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓားအကြိမ် သန်းထောင်ပေါင်းများစွာဆွဲထုတ်ခြင်းသတ္တမအဆင့် ဓားအကြိမ် သန်းတစ်ရာဆွဲထုတ်ခြင်း ပွင့်ပါပြီ။

"ဒင်....အထူးရတနာသေတ္တာတစ်လုံး ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"

ရုတ်တရက် စနစ်ရဲ့အသံက ယန်ချီရဲ့စိတ်ထဲ ပေါ်လာခဲ့တယ်။

သတ္တမအဆင့် စတင်ပြီလား။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Waar verhalen tot leven komen. Ontdek het nu