" ​​မောင် ​တောင်းပန်ချင်လို့လာတာပါ လွင်ရယ် ​မောင် အမှားအတွက်တကယ်​နောင်တရလို့ပါ "

"​တော်ပါ​တော့ ​နောင်ဘယ်တုန်းက​ရော ​တောင်းပန်ပြီ အချိုး​ပြောင်းသွားလို့လဲ အမြဲစိတ်လိုက်မာန်ပါပဲလုပ်​နေတာ လွင် ​နောင်ကို အယုံအကြည်မရှိ​တော့ဘူး ​နောင်ရယ် ပြန်ပါ​​တော့ "

စိတ်ရှိလက်ရှိ​အော်ဟစ်ပြီး​​တော့မှ လွင်​တွေးမိသည်။လွင်ရဲ့ အမှိုက်ထုတ်ကို ​နောင်အား​ပေးမိ​နေပြီလား၊လွင် ​ပြောသည်က လွန်သွားပြီထင်သည်။​နောင်မျက်နှာညိုးကြသွားပြီ တဖြည်းဖြည်းလွင်အနားကပ်၍လာသည်။

" ဘာလုပ်မလို့လဲ ​နောင် ဖယ်​နော် "

တဖြည်းဖြည်း​နောက်ဆုတ်ရင် ​ဆုတ်စရာ​နေရာမရှိ​တော့ပဲ စာအုပ်စင်တွင် လွင်​ကျောကပ်သွားသည်။လွင်​ရှောင်ထွက်ဖို့ပြင်လိုက်ပင့်မယ့် ​နောင်ကတား၏။

" လွှတ်​နော် ​နောင်  လွှတ် "

လွင် လက်ကိုအတင်းဆုတ်ကိုင်ရင် ​နောင်မျက်ရည်​တွေကျလာသည်ကို လွင်အနီးကပ်မြင်​နေရသည်။အလို​လေး ​နောင်ငို​နေပါလား။

" ​​နောင် နင်ဘာဖြစ်​နေတာလဲဟာ "

" ​မောင်​လေ ​မောင် ​တောင်းပန်ပါတယ်ကွာ တကယ်ပါ ​​မောင် နည်းနည်းစိတ်ရှုပ်​နေလို့ အစ်ကို​မောင်ဆိုတဲ့သူကိုရိုင်းပြမိသွားတာပါ ​မောင်တကယ် ​နောင်တရပါပြီ လွင်မ​​​ကျေနပ်ရင် ​မောင် အဲ့လူကို ဒူး​ထောက်ပြီး​တောင်းပန်ပါမယ့်​နော် "

ငိုသံအဖျားခပ်၍ ​ပြော​နေသည့် ​နောင်စကားတို့အား လွင်ဘယ်လိုငြင်းရက်ပါ့မလဲ။ လွင်ကိုယ်တိုင် နှင်ထုတ်ခဲ့တဲ့ လူတစ်​ယောက်ကို ​နောင်ဘယ်လို​တောင်းပန်မလဲကွယ်။

" ဒီ​လောက်အထိ​တော့မလိုပါဘူး ​နောင်တကယ် ​နောင်တရတယ်ဆိုရင် ​နောက်​နောင် ဒီလိုစိတ်လိုက်မာန်ပါ​တွေ မလုပ်ပါနဲ့​နော် "

" ​​မောင်ကတိ​ပေးပါတယ် လွင် မလုပ်​တော့ပါဘူး​နော် "

" ဒါဆိုရင် လက်ကိုချုပ်ထားတာလွှတ်​တော့​လေ နာလှပြီ "

" ​တောင်းပန်ပါတယ် ​တောင်းပန်ပါတယ် "

" ရတယ် "

~​ကြွေပန်းကိုသာ​ကောက်ပါ...မောင် ~(bl)(complete)Onde histórias criam vida. Descubra agora