Ch 131 to 135

Começar do início
                                    

အစောပိုင်းမှာ သူက ယန်ချီကို သူ့တပည့်အဖြစ် လိုချင်ခဲ့ပါတယ်။ အခုတော့ ယန်ချီက သိုင်းအရှင်သခင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒီအချိန်က သူ့ဘဝမှာ အရှက်ရဆုံး အချိန်ဖြစ်ပါတယ်။

“သိုင်းအရှင်သခင် ကျွန်တော်တို့ မန့်ရှန်တောင်နတ်ဆိုးလှိုဏ်ဂူကို တစ်ချက်လောက်သွားကြည့်မယ်လေ။ အဲ့ဒီမှာ နတ်ဆိုးမိစ္ဆာတွေ အများကြီး ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့. .  . ”

ကျန်းဇန်က သူ့စကားကို အဆုံးမသတ်နိုင်ခင်မှာပဲ ယန်ချီက ကြားဖြတ်ပြောလိုက်ပါတယ်။

“အဲ့ဒါဆို အဆင်ပြေတယ်လေ။ မန့်ရှန်တောင်ကုန်းနတ်ဆိုးလှိုဏ်ဂူအပြင်ကို စောင့်ကြည့်နေတဲ့ နတ်ဆိုးမိစ္ဆာတွေ များကြီးရှိတယ်။ ခင်ဗျားအနေနဲ့ သူတို့ကို ယန်ချီထွက်သွားပြီးလို့ ပြောလိုက်ပြီးတော့ ကျွန်တော်က ရှေးဦးဘိုးဘေးအဆင့်မဟုတ်ပဲ အလယ်အလတ်သိုင်းအရှင်သခင်အဆင့်သာ ရှိတယ်လို့ ပြောလိုက်လေ”

“အဲ့ဒီလိုဆိုရင် ခင်ဗျားကို ကျေးဇူးဆပ်မှာပါ”

ယန်ချီက ကျန်းဇန်နဲ့ ကျန်းတျန်းကို ပြောလိုက်ပါတယ်။

မူလဆရာသခင် ကျန်းဇန်နဲ့ ကျန်းတျန်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေက မလုပ်ချင်ကြပေမယ့် အလယ်အလတ်သိုင်းအရှင်သခင်တစ်ယောက်ရဲ့ စကားကို မငြင်းဆန်ရဲပါဘူး။

ဆရာသခင်တွေကို စိတ်ဆိုးအောင် လုပ်လို့ မရပါဘူး။ စိတ်ဆိုးသွားရင် နောက်ဆက်တွဲ ပြဿနာကို ရှင်းနိုင်မှာ မဟုတ်ပါဘူး။

ချက်ချင်းပင် ကျန်းဇန်နဲ့ ကျန်းတျန်းတို့နှစ်ယောက်က မန့်ရှန်တောင်ကုန်းနတ်ဆိုးလှိုဏ်ဂူဆီကို လျှောက်သွားခဲ့ပါတယ်။

အခု သူတို့တွေ ရောက်နေတဲ့ နေရာက မန်ရှန့်တောင် နတ်ဆိုးလှိုဏ်ဂူအောက်ခြေမဟုတ်ပဲ လှိုဏ်ဂူရဲ့ နယ်နမိတ်ထဲ ကို ရောက်နေခဲ့တာပါတယ်။

သိပ်မကြာခင်မှာပဲ ကျန်းဇန်နဲ့ ကျန်းတျန်းတို့က တောင်ကုန်းအောက်ခြေကို ရောက်လာခဲ့ကြပါတယ်။

နတ်ဆိုးမိစ္ဆာက တောင်ကုန်းအောက်ကို ကို စောင့်ကြည့်နေကြပါတယ်။ ယန်ချီကလည်း အခြေအနေတွေကို စောင့်ကြည့်နေခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Onde histórias criam vida. Descubra agora