“အခု အန်ကယ်လ်ပြောတာက ဆော့ဂျင်လေးအတွက်ဆိုတာ မှန်ပါတယ်။ မိဘက သားသမီးကိုဆုံးမတာဟာ မိသားစုတိုင်းရဲ့ အခြေခံအကျဆုံးအချက်တစ်ခုပါ။ ဒါပေမယ့် ဆုံးမရင်းနဲ့ ချောက်ထဲ‌တွန်းပို့တာမျိုးတော့ မဖြစ်စေချင်ဘူး။ သားသမီး
ကောင်းဖို့အတွက် လုပ်တာမှန်တယ်၊ သားသမီးကောင်းစားဖို့အတွက် အန်ကယ်လ်ကြိုးစားနေတာမှန်တယ် ဒါပေမယ့်......
အိမ်မက်ရှိပြီးသားလူတစ်ယောက်ကို ပုံစံခွက်ထဲ သွင်းနေတာကတော့
သဘာ၀မကျဘူးလို့ မြင်တယ်”

“သားသမီးကို ဘာဖြစ်စေချင်တယ်ဆိုတာထက်သားသမီးက ဘာဖြစ်ချင်တာလဲ ဆိုတဲ့မေးခွန်းကိုမိဘတိုင်း မေးသင့်တယ်။ ဆရာ၀န်ဖြစ်မှ ၊ အင်ဂျင်နီယာဖြစ်မှ Company ပိုင်ရှင်ဖြစ်မှ ဆိုရင် ဒါဟာ
အိမ်မက်မဟုတ်ဘူး ပုံစံခွက်တွေပဲ။
မိဘတွေပဲစိတ်ဒုက္ခရောက်တာ မဟုတ်ဘူး။ သားသမီးတွေမပျော်ရင်လည်း စိတ်ဒုက္ခရောက်ရတယ်”

“အိမ်မက်ရှိတဲ့ လူတစ်ယောက်ကို ကိုယ်လိုချင်သလိုအတင်းလုပ်ယူနေရင် အဆုံးမှာ အနာတရတွေနဲ့ပဲဇာတ်သိမ်းသွားလိမ့်မယ်။ ကျွန်တော်ကတော့ဆော့ဂျင်လေးကို အဲ့လိုမဖြစ်စေချင်ဘူးဗျာ ။သူဖြစ်ချင်တာ သူလုပ်ချင်တာကို အနောက်ကနေငွေအင်အားမဟုတ်ရင်တောင် စိတ်ဓာတ်ခွန်အား
ပေးပြီး အတူရှိနေစေချင်တယ်”

သူ့ကိုကြည့်၍ ပြောလာသော ဦးဂျွန်ရဲ့လေသံတွေသည် ပျော့ပျောင်းကာ နူးညံ့နေသည်။ ဖေဖေကတော့ ဦးဂျွန်ရဲ့ အပြောတွေအောက် မျောသွားသလားမသိ။ မေမေကတော့ ကောင်းတယ် ကောင်းတယ်ဟုဆိုတာ ဆော့ဂျင်ပါးပြင်လေးကို ‌အုပ်မိုး‌လာသည်။

“ဦးလေးဖြစ်စေချင်တာ ကျွန်တော် သိပါတယ်နားလည်း လည်ပါတယ်။ ကြိုးစားတဲ့လူကပျော်ရမှာပဲ မကြိုးစားတဲ့လူကတော့ မပျော်ရဘူး။ဘ၀မှာ အရည်အချင်းစစ်တာဆိုလို့ ကြိုးစားမှုနဲ့စာမေးပွဲတွေပဲရှိတယ်။ ဆော့ဂျင်ကို မယုံရင်တောင်မကြာခင် ထွက်လာမယ့် အမှတ်စာရင်းကိုတော့ယုံကြည်သင့်ပါတယ်”

ဖေဖေကတော့ လက်လျှော့သွားသည်ထင်။ သက်ပြင်းတွေချကာ ထိုင်ခုံ၌ထိုင်လိုက်သည်။ ထို့နောက်ဦးဂျွန်က စကားတစ်ခွန်းကိုဆက်ပြောသေးသည်။

ဦးဂျွန် ( Kookjin )Wo Geschichten leben. Entdecke jetzt