"၂ထပ်မြောက်လားခင်ဗျ နံပါတ်၂ကိုနှိပ်ရမှာနော် ဟုတ်လား ဘော့စ်"
"ကျစ်! အထပ်၂၀ကိုပြောတာ"
ရိပေါ်တစ်ယောက် မမြင်မှန်းသိပေမဲ့ ဘော့စ်ကိုမျက်စောင်းထိုးပြီး နံပါတ်၂၀ကိုနှိပ်လိုက်သည်.....
တစ်လမ်းလုံးလည်း သူ့ထပ်ခန္ဓာကိုယ်ထွားပြီးအရပ်ရှည်တဲ့ ဘော့စ်ကိုထိန်းလာရတာ ညောင်းနေပြီ....
တစ်ခုခုနားမလည်လို့မေးရင် စိတ်မရှည်တဲ့လေသံနဲ့ပြန်ပြန်ဖြေနေတဲ့ဘော့စ်ကို ပစ်ချချင်စိတ်ကလည်း တဖွားဖွား....တင်!
*အမလေး နောက်ဆုံးတော့ ရောက်လာပြီ
"အခန်းနံပါတ်ရိုက်ပေးပါအုံးဗျ"
"ရိုက်လိုက် 0805 လိုက်မှတ်မထားနဲ့"
"ဗျာ မမှတ်ပါဘူး ခုပဲမေ့သွားပါပြီနော်"
နောက်ထပ်တစ်ကြိမ် ဘော့စ်ကိုမျက်စောင်းကြီးကြီးထပ်ထိုးမိသွားတယ်....
အိမ်ထဲရောက်တော့ ဘော့စ်ကိုထိန်းထားရင်နဲ့ပဲ ရိပေါ်ခေါင်းတွေတပတ်လည်သွားရသည်....
*ဘယ်လောက်တောင် ခမ်းနားလိုက်တာလဲ အရမ်းမိုက်တာပဲ
"ဘော့စ် ဘော့စ်အခန်းဘယ်မှာလဲဗျ"
လက်ညိုးသာထိုးပြနိုင်တော့တဲ့အထိ ဘော့စ်က ခေါင်းမော့မလာနိုင်တော့ဘူး....
ရိပေါ်တစ်ယောက် ဘော့စ်ပြတဲ့ အခန်းထဲဝင်ပြီး ကုတင်ပေါ်ကို ဘော့စ်ကိုမတော်တဆနဲ့တမင်တကာ ပစ်ချလိုက်တယ်.....
သူအရမ်းညောင်းနေပြီလေ....
*လက်အံ့တောင်သေပြီလားမသိဘူး
"မင်းက....တစ်ယောက်ယောက်နဲ့တူသလိုပဲ......"
* ကြည့်ပါအုံး အိပ်ချင်မူးတူးနဲ့ဘာတွေပြောနေလဲမသိဘူး
နောက်ဆုံးတော့ ဘော့စ်ကို ကြည့်ရတာ အိပ်ပျော်သွားပြီထင်ရဲ့....
ရိပေါ်လဲ ပြန်ဖို့လုပ်ရမည် အချိန်ကလည်းမနည်းတော့သလို သူပြန်ဖို့ကားတောင်ရှိဖို့ဆိုတာ မသေချာတော့ပေ.....၊* fuck! မိုးရွာနေတာလားဟ
မြင်ရတဲ့မှန်တံခါးနားသွားကြည့်မိတော့....လေရောမိုးရောချနေသောရာသီဥတုကိုတွေ့လိုက်ရတယ်.....
CITEȘTI
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....