"ငါလေ...Leoနဲ့Sunghoonကို မိတ်ဆက်ပေးမိတာမှားပြီလားဟင်"

"အာ မမှားဘူးထင်ပါတယ်..Sunghoonက Leoနဲ့စကားပြောရတာ‌သဘောကျနေတာပါ"

"မဟုတ်ဘူးကွ..ငါလည်း စကားပြောတာပဲ..ငါကျစကားတောင် ဆယ်ခွန်းမှာတစ်ခွန်းတောင် ပြန်မပြောဘူး"

စကားပြောတဲ့အသံကအစ‌ ဝမ်းနည်းနေတာမှန်းသိသာလှသည်။ သဝန်တိုတဲ့အဆင့်ကနေ ဝမ်းနည်းတဲ့အဆင့်ကိုရောက်သွားပြီထင်ပါရဲ့။

"အရမ်းတွေးမနေနဲ့..လာ သူတို့နဲ့အတူတူသွားမယ်.."

"မလုပ်ချင်ပါဘူး..Sunghoonပျော်နေတဲ့အပျော်ကိုမဖျက်ချင်ဘူး"

"အဲ့ဒီလိုလည်းမဟုတ်ဘူးလေ..လာပါကွာမြန်မြန်"

Sunghoonတို့နဲ့အတူတူသွားဖို့ကိုတောင် Sunghoonအပျော်ပျက်မှာစိုးလို့ဆိုပြီး ငြင်းနေတဲ့Minhoကို လက်ကနေဆွဲပြီးသာ ဆွဲခေါ်လာလိုက်တော့တယ်။ Sunghoonတို့နဲ့အတူ ကမ်းခြေမှာ အတော်အသင့်ကစားပြီး အဆောင်ကိုပြန်လာကြသည်။ ညဘက်ကျ မီးဖိုပြီးအဖွဲ့လိုက်ဂိမ်းကစားကြမှာဆိုပြီး‌ ပြောထားကြတာမလို့ မြန်မြန်ပြန်လာပြီး ရေမိုးချိုးရသည်။

၆နာရီခွဲချိန်ရောက်တော့ စုခိုင်းတဲ့နေရာကို အကုန်စုဝေးရောက်လာကြတယ်။ ကျောင်းလေ့လာရေးခရီးမှာတောင် ရည်းစားရှိတဲ့လူတွေက လက်လေးတွေချိတ်ထားကြသေးသည်။ ကျောင်းမှာတောင် အတွဲတွေတကားကားနဲ့သူတို့တွေကလည်း ‌ခုလိုခရီးပါအတူတူထွက်ကြတော့ ပိုသဲကဲပြနေကြတော့တာပင်။

"Taehyung"

ကိုယ့်ရဲ့နာမည်ခေါ်သံကြားလို့ ဘေးဘယ်ညာလှည့်ရှာကြည့်မိတော့ သစ်ပင်အောက်က ဆရာJungkookကလှမ်းခေါ်တာပင်။ လက်ယပ်ပြီး လှမ်းခေါ်နေတာမလို့ လာခဲ့မယ်ဆိုပြီး ခေါင်းငြိတ်ပြလိုက်သည်။

"Sunghoon..ငါ့ကို ဆရာJungkookကခေါ်လို့သွားလိုကိအုံးမယ်"

"အေးအေး..မြန်မြန်တော့ ပြန်လာနော်.."

"အင်းပါ..Minhoကိုလည်း စကားပြန်ပြောလိုက်ပါအုံး.."

"တော်ပါ သွားမှာသာသွားစမ်းပါ"

မသွားခင်လေး Minhoဘက်ကနေပြီး Minhoဘက်တော်သားလုပ်ပေးတာတောင် ဇွဲကောင်းတဲ့အမောင်Park Sunghoonတို့က မပြောဘူးချည်းငြင်းနေတာလေ။ အမှန်ဆို မတည့်ခဲ့တာဟုတ်ပေမဲ့ Minhoက ခုနောက်ပိုင်းလည်းအရမ်းကြီးစနောက်တော့တာလည်းမဟုတ်ဘူးလေ။ အတော်အသင့် Minhoဘက်က ပြေလည်‌ရာပြေလည်ကြောင်းစကားစပေ‌မဲ့ Sunghoonဘက်က ကြက်ခြေခတ်ကိုမီးနီနဲ့ထိုးပြတာမလို့ ရှေ့ဆက်တိုးလို့မရပေ။ ဘာမှတိုက်တွန်းမနေဘဲ ချစ်သူရည်းစားလေးဆီကိုသာ အမြန်သွားလိုက်သည်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Όπου ζουν οι ιστορίες. Ανακάλυψε τώρα