"ကူညီရမှာက ငါ့ကိုမဟုတ်ဘူးဟ၊ ငါ့အစ်ကိုကိုလေ၊ ဟဟ သူတို့နှစ်ယောက်ကအချင်းချင်းကြိတ်ကြိုက်နေကြပေမဲ့ နှစ်ယောက်လုံးကမြုံစိစိနဲ့ဖွင့်မပြောကြဘူးလေ၊ အဲ့တော့နင်ကပဲ ကြားထဲကအောင်သွယ်တော်လုပ်ပေးပါဦးဟာ၊"

ပြောရင်းဖြင့် မင်းသွန်းညှာသည် လက်သီးတစ်ဖက်ကိုဆုပ်ကာ လက်ဝါးတစ်ဖက်ဖြန့်၍တရုတ်ကားများထဲမှအရိုအသေပေးသည့်ဟန်ပြုကာ ခပ်နောက်နောက်ပြုမူလိုက်လေသည်။နွေလှိုင်းမှာတော့ မျက်နှာဖြူဖျော့ကာ

   "ဟမ်၊ နင်..နင်က ကိုကြီးလကျာ်ကိုကြိုက်နေတာမဟုတ်--"

   "ဟ၊ ကြိုက်တာပေါ့ဟ၊ သူ့လောက်ကောင်းတဲ့ယောက်ဖမျိုးရှာကြည့်စမ်းပါဦး၊ ဒီလိုကောင်းတဲ့ယောက်ဖမျိုးမှ ငါကမကြိုက်ရင် အမြင်မရှိရာကျမှာပေါ့ဟ၊ ကဲ အဲ့တာဆို ငါအပေါ်ထပ်မှာ အတွဲသွားချောင်းလိုက်ဦးမယ်နော်၊ Bye bye"

   "နင်--နင်--"

   *LSP 30 points ရရှိ*

အမှတ်များကိုရေတွက်ရင်း တစ်နင်နင် နှင့် လည်ပင်းနင်နေသော နွေလှိုင်းကို နောက်ချန်ထားခဲ့ကာအပေါ်ထပ်ဆီသို့ခပ်သွက်သွက်တက်သွားလိုက်တော့သည်။ဟိုအကောင်ပေါက်ကိုချော့ရဦးမည်လေ။မင်းသွန်းညှာအပေါ်ထပ်သို့ရောက်သော် သူ့အခန်းရှေ့တွင် သူ၏လွယ်အိတ်လေးကိုပိုက်ထားကာ မတ်တပ်ရပ်နေသော နေနိုင်းမာန်လေးကိုတွေ့လိုက်ရလေသည်။

   "နိုင်းလေးရေ၊ ကိုကို့ဆီ လာပါဦးကွာ"

သူက ခေါ်သော်လဲ နေနိုင်းမာန်လေးသည်တုပ်တုပ်မျှမလှုပ်ပဲ လွယ်အိတ်ကလေးပိုက်ကာ ထိုအနားတွင်သာရပ်နေလေသည်။မျက်ပေတုံကလေးဖြင့် သူ့ကိုမှုန်တေတေကြည့်နေပုံက ချစ်ဖို့ကောင်းလှသလို အသဲယားစရာလဲကောင်းလှသည်။ပါးဖောင်းဖောင်းကြီးများကအနဲငယ် ဖောင်းချင်သလိုဖြစ်နေပြီး နှုတ်ခမ်းလေးကပါ စူထော်ချင်နေသလိုပင်။မင်းသွန်းညှာတစ်ယောက်တော့ သူ အတော်ချော့ရမည့်အဖြစ်ကိုသဘောပေါက်လိုက်လေပြီ။ထို့ကြောင့် မင်းသွန်းညှာသည် နေနိုင်းမာန်လေးအနားသွားကာ နေနိုင်းမာန်၏ကိုယ်လုံးလေးကို ကောက်ပွေ့လိုက်လေသည်။သို့သော်လဲ နေနိုင်းမာန်လေးက သူ့မျက်နှာကိုကြည့်မလာပါချေ။

ငါကဗီလိန်! [Uni + Zaw]Waar verhalen tot leven komen. Ontdek het nu