Never (ဘယ်တော့မှ ) -6

Start from the beginning
                                    

ဆိုတာကပါသေးတယ်

"ရိပေါ် မင်းရော ရှောင်းကျန့်ကို စိန်ခေါ်တဲ့ Leo G ဆိုတဲ့သူကို ဘယ်သူလို့ထင်လဲ ဘယ်သူမှန်းမင်းသိလား "

ဆိုပြီးလည်း မေးတတ်ကြပါသေးတယ် ရိပေါ်က မလိမ်တတ်မညာတတ်တဲ့သူဆိုတော့

"အဲဒါ ငါပဲလေ"

လို့ ခပ်တည်တည်နဲ့ အမှန်ဖြေကြပေမယ့် လူတွေက မယုံကြဘူး စကားဆုံးတာနဲ့ ဝါးဟားဟား ဆိုပြီး အော်ရီကြပါလေရော
ရိပေါ် ရုပ်တည်ကြီးနဲ့ နောက်တတ်သားပဲဆိုပြီး ဟာသဖြစ်သွားတာပေါ့ လူတွေက ခက်တယ် မုသားတွေနဲ့ ပြောရင် ယုံတတ်ကြပြီး
အမှန်တရားကိုကျတော့ ဟာသလုပ်နေတတ်ကြတာမို့ လိမ်မပြောချင်တဲ့ ရိပေါ်အတွက်တော့ အဆင်ပြေသွားတာပေါ့

အမှန်ကို ပြောပြပေမယ့်လည်း သူက Leo Gဆိုတာ ဘယ်သူလဲဆိုတာ လူတွေက သိချင်စုံစမ်းချင်နေတုန်းမို့
သူ့ရဲ့လက်ရှိဘဝကို မထိခိုက်ဘဲ ပုံမှန်လေးဘဲ ရှေ့ဆက်နိုင်ခဲ့ ပါတယ် မားမားကျောက်ကပ်အစားထိုးတာအောင်မြင်ပါတယ် ဒါပေမယ့် ဆေးတွေ အများကြီးသောက်ရသလို အစားအသောက်လည်း အရမ်းဂရုစိုက်ရပါတယ် ခုတော့ ထူထူထောင်ထောင်နဲ့ အရင်လိုပြန်ပြီး သွားလာနိုင်နေပြီဆိုပေမယ့် အရမ်းကြီးအပင်ပန်း မခံနိုင်တာမို့ အရင်လို ရိပေါ်ဆီ ခဏခဏ မလာနိုင်တော့တာတစ်ခုပါပဲ ကျန်တာအားလုံး အဆင်ပြေပါတယ် ဒါကြောင့် ဒုတိယနှစ် စာမေးပွဲ ဖြေအပြီးမှာ စာမေးပွဲပြီးပြီးချင်း မိန်ကျားရွာလေးပြန်ပြီး မားမားနားမှာ ပြုစုအဖော်လုပ်နေတာ နဲ့ ဟောက်ရွှမ်းနဲ့တောင် အဆက်အသွယ် သိပ်မလုပ်ဖြစ်ခဲ့ပါဘူး 
*
*
*
*
*
တတိယနှစ်ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ အားလုံးပုံမှန်ဆိုပေမယ့်  ပုံမှန်မဟုတ်တာကတော့ ဟောက်ရွှမ်းဘဲ ရသွားတာပါ Martial Art Sport Club မှာ အားကစားသမားတွေကို အမြဲ medical checkup လုပ်ပေးနေတဲ့ Healthcare Team က လက်ထောက်ဆရာဝန်လေး စုန့်ကျိရန် ကို First year ထဲက ဇွဲရှိရှိလိုက်တာမို့ ဒုတိယနှစ် စာပေးပွဲအပြီး ရိပေါ်အိမ်ပြန်သွားချိန်မှာ ဟောက်ရွှမ်းက မပြန်ဘဲ အသေရရ အရှင်ရရဆိုပြီးလိတကောက်ကောက် လိုက်နေတာမို့ အဖြေပြန်ရသွားတာပေါ့

NeverWhere stories live. Discover now