Part - 1

550 43 11
                                    





ကြီးမားကျယ်ပြန့်လှသည့် အဆောက်အအုံကြီးတစ်ခု။ထိုအဆောက်အဦးထဲ လူများအလျှိုလျှိုဝင်နေကြသည်။တစ်ချို့သူများမှာလည်း ထိုရှေ့မှာဓာတ်ပုံရိုက်နေကြသည်။

ထိုမျှသောလူတွေကြားထဲ အပေါ်အနက်အောက်အနက်ဝတ်ဆင်ထားသောကောင်လေးတစ်ယောက်။ထိုကောင်လေးဘေးနားမှာလည်း ပေါ့ပေါ့ပါးပါး အဝတ်အစားကိုဝတ်ဆင်ထားသော ကောင်လေးလည်းတို့ နှစ်ယောက်သည် လူအများအကြည့်ခံရင်း အဆောက်အဦးထဲ ဝင်သွားကြသည်။

Lobbyရှေ့တွင် စုရပ်ကာစောင့်နေရင်းမှ PDလို့ယူဆရသော လူတစ်ယောက်ကစာရွက်တစ်ခုကိုင်ကာ အနားရောက်လာလေသည်။

" အချိန်စတော့မှာမို့ ကျွန်တော့်နောက်လိုက်ခဲ့ပေးကြပါ "

ထိုPD ခေါ်ရာနောက် လိုက်သွားကြသည်။
ဆလိုက်မီးများ၊ဆက်တင်များ၊ ကင်မရာသမားများ ဖြင့် ပြည့်နှက်နေသော အခန်းထဲရောက်သည်နှင့် PDက စင်ပေါ်တက်ကာ။

" ခဏနေ ကျွန်တော်တို့ live streamစလွှင့်ပါမယ် Fan chatတွေလည်း စာရွက်ကြည့်ပြီး အော်လို့ရပါတယ် ကျေးဇူးပါခင်ဗျ "

မိနစ်ပိုင်းအတွင်း မီးအလင်းရောင်လျှော့ကာ စင်ပေါ်မှာ နေရာယူနေကြသည်။
အနောက်နားတွင်ရပ်နေသော အနက်ရောင်ဝတ်စုံနှင့်ကောင်လေးမှာလည်း လက်ထဲကင်မရာအဆင်သင့်ကိုင်ထားလျှက်။

လူငယ်မိန်းကလေးတွေကြားထဲ ကောင်လေးနှစ်ယောက်မို့ ကောင်မလေးများ၏အာရုံစူးစိုက်မှူကိုခံထားရလေသည်။မက်စ်တပ်ထားသည့်မို့ ဘယ်သူဘယ်ဝါမှန်းလည်းမသိရ။

" မင်္ဂလာပါ ခင်ဗျ Kim Kai ပါ ကျွန်တော်ရဲ့Fanတွေ မတွေ့ရတာကြာပြီနော် လွမ်းနေကြတယ်မလား "

" Nae Oppa !!!! "

Fanတွေ၏အော်သံကြားရတော့ စင်ပေါ်ကသူမှာ ပြုံးပြကာခေါင်းတငြိမ့်ငြိမ့်ဖြင့်။

" ဟုတ်ပါပြီဗျာ ကျွန်တော်ရဲ့သီချင်းအသစ်လေးကိုလည်း အားပေးကြပါဦးနော် ကျွန်တော်ချစ်ရတဲ့Fanလေးတွေအတွက် အများကြီးအားစိုက်ထားပါတယ် "

" WoW !!!! Yeah !!!! "

စင်အောက်မှာရှိသော PD၏လက်က နံပါတ်စဉ်စတင်ရီတွက်ပြီးနောက် တီလုံးသံစတင်ကာထွက်လာတော့သည်။
သီချင်းသံစသည်နှင့် Fanများ၏အော်သံများမှာလည်း အခန်းထဲပြည့်နှက်သွားလေတော့သည်။

𝘔𝘰𝘳𝘦 𝘛𝘩𝘢𝘯 𝘞𝘰𝘳𝘥𝘴حيث تعيش القصص. اكتشف الآن