အပိုင်း✨🍁(၃၅)

Beginne am Anfang
                                    

“ဖောင်း!!!အုန်း!!!!”
ဟူသော ပေါက်ကွဲသံကြီးသည် ရာဇာကုဋေနန်းဆောင်နားမှ အဆောင်ဘက်မှ ထွက်ပေါ်လာသည်။

ဒဝီဦးခိုက် အမြန်လက်ဆွဲတော်ဓားကိုဆွဲကိုင်၍ အပြင်သို့ထွက်သွားလိုက်သည်။
ပရောဟိတ်အမတ်ကြီးသည်လည်း ဦးခိုက်နောက်မှ လိုက်လာရင်း အပြင်‌ရောက်ခိုက် ပတ်ပတ်လည်တွင် ဝိုင်းထားသော အမတ်ကြီး၏လူတစ်ချို့ကိုတွေ့လိုက်ရသည်။
သူတို့ရှေ့တွင်တော့ လက်ဆွဲတော် ခမ်းဆက်ဓားကိုဆွဲကိုင်လျှက်  မာန်အပြည့်ဖြင့်ရပ်နေသော ဒဝီဦးခိုက်ကိုတွေ့လိုက်ရသည်။

ဒဝီဦးခိုက် သူ့ရှေ့တည့်တည့်မှ လူများအားလုံးကို တစ်ယောက်ချင်း စူးစိုက်စူးရှစွာကြည့်လိုက်သည်။
*ရာရာစစ ဒဝီဦးခိုက်ကို သစ္စာဖောက်ပြီးပင်မနန်းဆောင်ကိုဝိုင်းရဲရတယ်လို့ ဘယ်လိုတောင်အတင့်ရဲကြတာလဲ...ကြည့်ရတာ ကိုယ့်အသက်ကိုယ်မလိုချင်ကြတော့ဘူးထင်..*

နန်းဆောင်တော်ကိုဝိုင်းထားသည့် အမတ်ကြီး၏လူများမှာလည်း ပယင်းရောင်မျက်ဝန်းများ၏ ထိုးဖောက်မတတ်စူးရှနေမှုများကြောင့် ချွေးစေးများပြန်နေကြပြီး လက်ထဲမှဓားကို ကျစ်နေအောင်ဆုပ်ကိုင်ထားမိကြသည်။

ထိုအခိုက် မဟာသိအမတ်ကြီးထွက်လာကာ ဒဝီဦးခိုက်ရှေ့မလှမ်းမကမ်းအထိလျှောက်လာပြီးနောက် မျက်နှာအမူအရာအပြည့်ဖြင့်....
“အိုး...ကြီးကျယ်မြင့်မြတ်လှသော အရှင်ဒဝီဦးခိုက်ပါလား...မင်းတို့တွေ အရှင့်ကိုဓားနဲ့ဝိုင်းထားကြတယ် ဒါနိုင်ငံတော်ပုန်ကန်မှူကြီးနော်...ရာရာစစ အတင့်ရဲနေကြပါလား... ဟက်...”

“ဒါပေမဲ့ ဘယ်လိုလုပ်မလဲအရှင်...ကျွန်တော်မျိုးတို့နောက်ပြန်လှည့်လို့မရတော့ဘူးမလား...အဲ့ဒီတော့ ကျွန်တော်မျိုးတို့ရဲ့အင်အားကိုလည်း အရှင်မြင်တွေ့နေရတာပဲ...အရှင့်ရဲ့စွမ်းအားနဲ့ တပ်သားတွေကို မကုန်ခမ်း မနစ်နာစေဘဲ အသာတကြည် ထီးနန်းကိုလွှဲပေးလိုက်ပါတော့...ရှိခဲ့ဘူးတဲ့ သံယောဇဉ်တစ်ချို့ထောက်ထားပြီး အရှင်မင်းကြီးနဲ့အရှင့်ကို ကောင်းကောင်းမွန်မွန်ထားပေးမှာပါ...”

ဒဝီဦးခိုက် ဘာစကားတစ်ခွန်းမှ ခွန်းတုံ့မပြန်ဘဲ အမတ်ကြီး၏အမူအရာများကိုပဲ တစ်ခုမလွတ်စေရအောင်ကြည့်နေလိုက်သည်။
ထိုအချိန်တစ်ဖက်ကနန်းဆောင်အမိုးပေါ်မှ အရိပ်တပ်သားတစ်ချို့၏ လှုပ်ရှားမှုကိုတွေ့လိုက်ရသဖြင့် ဒဝီဦးခိုက် နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးလိုက်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Wo Geschichten leben. Entdecke jetzt