“နင်နောက်ဆုံးတော့ နိုးလာပြီပဲ” သူ၏နားထဲတွင် ပျင်းရိသော အသံတစ်သံကိုကြားလိုက်ရသည်။

ဇူအန် ချက်ချင်း ပျော်သွားသည်။ “အစ်မတော် မိဖုရားကြီး အဲ့ဒီစကားကိုပြောရမယ့်သူက ကျုပ်မဖြစ်သင့်ဘူးလား။ နောက်ဆုံးတော့ အစ်မတော် နိုးလာပြီပေါ့”

မိန်လိ၏ ပုံရိပ် က ဇူအန်ဘေးတွင် တဖြည်းဖြည်းပေါ်လာသည်။ သူမ၏ နှုတ်ခမ်းမီးရောင်၊ ဇာမဏီ မျက်လုံးများက သူမ၏ အသွင်ကို ယခင်အတိုင်း ပိုမို လှပစေသည်။
မိန်လိ နှာခေါင်းရှုံ့လိုက်သည်။ “ငါ နိုးနေတာ ကြာလှပြီ။ ဝက်တစ်ကောင် လိုအိပ်နေတာ နင်ပဲ”

“နိုးနေရင်လည်း ဘာဖြစ်လို့ မကူညီခဲ့တာလဲ။ အစ်မတော် ကိုခေါ်ရလွန်းလို့ ခေါင်းလည်း ပေါက်ထွက်တော့မယ်” ဇူအန် မကျေမနပ်ဖြစ်နေရင်း သူ၏ မျှော်လင့်ချက်မဲ့စရာကို ရုတ်တရက် သတိရလိုက်သည်။
“ထားလိုက်တော့။ အဲ့ဒီအကြောင်း အခုမပြောဘူး။ အစ်မတော်ရဲ့ အကူအညီကို အခုလိုအပ်နေပြီ။ ကျုပ်ကို သောက်ကျိုးနည်း နှာဗူးတစ်ယောက် ဝင်ပူးထားတယ်။ ပြီးတော့ သူ့ရဲ့အသိစိတ်က ကျုပ်ထဲမှာ ပုန်းနေနိုင်တယ်။ ကျုပ်ကို အချိန်မရွေး သိမ်းပိုက်သွားနိုင်တယ်” ဇူအန် ပျာယာခတ်ကာ ပြောလိုက်သည်။ ဤကိစ္စကို ကြီးသည်ဟု သူမ မသတ်မှတ်မှာကို စိုးရိမ်နေသည်။ ထိုကြောင့် အမြန်ထပ်ဖြည့်လိုက်သည်။ “အစ်မတော်နဲ့ ကျုပ်က သေရေးရှင်ရေး ဆက်စပ်နေတာပဲ။ ဒါကြောင့် ဝင်ပူးခံရပြီးတော့ သေရရင် အစ်မတော်လည်း သွားလေသူ မိဖုရား ဖြစ်ရတော့မှာပဲ”

မိန်လိ မျက်လုံးလှန်လိုက်သည်။ “စိတ်လျော့ပါဦး။ အဲ့ဒီလောင်မိုင် ဆိုလား အဲ့လူ က ဝင်ပူးတာ ကျရှုံးခဲ့တယ်”

“ကျရှုံးခဲ့တယ် ဟုတ်လား” ဇူအန် ပြောချင်သောစကားများ မပြီးသေးပေ။ သို့သော့ သူမ၏စကားကို ကြားရသောအခါ ချက်ချင်း ရပ်တန့်သွားသည်။ သူ၏စိတ်ကို ပြန်စုစည်းရန် အချိန်ယူလိုက်ရသည်။ “ကျရှုံးတယ်ဆိုတာ ဘာကိုပြောတာလဲ”

“နင် ဉာဏ်ထိုင်းသွားပြီလား။ ကျရှုံးတယ်ဆိုတော့ ကျရှုံးတာပေါ့။ ဘာအဓိပ္ပါယ်ရှိရဦးမှာလဲ” မိန်လိ စိတ်ပျက်စွာ ပြောလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now