🌳Episode 2🌳

Bắt đầu từ đầu
                                    

ထယ်ယောင်းရှေ့မှာတော့ အတတ်နိုင်ဆုံး လေးလေးကန်ကန်နဲ့ ထွက်သွားပြခဲ့တယ်။

ထယ်ယောင်းနဲ့ဝေးလောက်ပြီဆိုမှ ကားကိုအတင်းမောင်းပြီး ချိန်းထားတဲ့နေရာဆီအပြေးသွားခဲ့လိုက်တာ။

ထယ်ယောင်းက ကျနော်နဲ့တွဲတဲ့အထဲမှာ အကြာဆုံးပဲ။

ရက်ပိုင်းပဲခံတဲ့ ကျနော့ရဲ့ relationship က ထယ်ယောင်းနဲ့ 2နှစ်တောင်ကြာခဲ့တယ်။

2နှစ်အတွင်း ကျနော်ကထယ်ယောင်းတယောက်နဲ့ပဲ အတည်တွဲတာလားဆိုတော့ လုံးဝမဟုတ်ဘူးပေါ့ဗျ။

ထယ်ယောင်းသိရင် ကျနော့နည်းအတိုင်း တောင်းပန်လိုက်မယ် ဒါပဲ။

ပြီးရင်ပုံမှန်အတိုင်းဆက်သွားမယ် အဆင်ကိုပြေလို့..

ဒီနေ့မှထူးထူးခြားခြား ထယ်ယောင်းကလမ်းခွဲမယ်ဆိုတော့ အံ့ဩသွားတာ။

ထယ်ယောင်းက အနေသာအေးတာ ကျနော့ကိုဆို သိပ်ချစ်တာ။

တခါတလေ ခပ်ချွဲချွဲလေးပြုမူတတ်သေးတယ်။

ထယ်ယောင်းရဲ့ ပင်ကိုယ် ကော်ဖီရောင်ဆံပင်တွေကို စတွေ့ကတည်းကကြိုက်ခဲ့တာ။

သူ့နှာခေါင်းက မှည့်နက်နက်က ကျနော့်ကို လှုံ့ဆောင်ပေးတယ်။

ပြီးတော့..
နှုတ်ခမ်းဆူထော်ထော်ရောပဲ။

လိုချင်တာရှိရင် ခေါင်းကိုဘယ်/ညာ ရိမ်းပြီး လက်ဟန်/ခြေဟန်နဲ့ နှုတ်ခမ်းတထော်ထော်ပြောတတ်တဲ့ ထယ်ယောင်းရဲ့ အပြုအမူကို အမှန်တကယ်ပဲ ကျနော်သဘောကျတယ်။

ကျနော်ကတော့ အချစ်ကိုဘဝလို့မခံယူထားဘူး။

တသတ်မတ်တည်းလည်း မချစ်တတ်ဘူး။

အသစ်အဆန်းလေး တွေလည်းစမ်းကြည့်ချင်သေးတာ။

ထယ်ယောင်းနဲ့ပြတ်သွားလို့ တံခါးပိတ် အခန်းအောင်း အရက်သောက် ဆေးလိပ်သောက်နေမယ့်ကောင်မျိုးလည်းမဟုတ်ဘူး။

ထယ်ယောင်းပြောသလိုပဲ...
ထယ်ယောင်းနဲ့ တွဲတဲ့တလျှောက် ကျနော်သူ့ကိုတာဝန်ကျေပွန်စွာချစ်ပေးခဲ့တယ်လေ။

တော်ပြီပေါ့။
လိုလိုချင်ချင်နဲ့ လမ်းခွဲပေးတာကိုတောင် ကျနော်ကကျေးဇူးတင်လှပြီ။

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Nơi câu chuyện tồn tại. Hãy khám phá bây giờ