Chapter 4.2 - The Child's Father is Ji Zhentian

Start from the beginning
                                    

ကျီချီစန်းကတော့ အစပိုင်းမှာ တုန့်ဆိုင်းနေပြီး တဖန် ပြန် ပျော်ပြီး တက်ကြွသွားတဲ့ ကူယွမ်ကို အမူအရာကင်းမဲ့ စွာနဲ့ ငေးကြည့်နေတယ်၊ ဒီလိူ အမူအရာတွေကို မြင်ပြီးတာနဲ့ သူက တိုက်ရိုက်ဘဲ ပြောလာတယ် " မား ကျွန်တော့် အိမ်မှာ အရင်ဆုံး သွားနေလိုက်ပါ "

ကူယွမ်မှာ လပေါ်ရောက်သွားသလိုကို ခံစားလိုက်ရတယ်၊ ဒါပေမယ့်လည်း တဖက်မှာတော့ သူမ သားလေးဆီက အခွင့်အရေးယူဖို့ တွန့်ဆုတ်နေမိတယ်၊ " ဒါက ဖြစ်နိုင်ပါ့မလား ? မင်းအတွက် အဆင်မပြေဖြစ်မနေဘူးလား ? တကယ်တော့ မင်းငါ့ကို ပိုက်ဆံ အရင်ချေးပေးလိုက်ရင် ငါ့ဆီမှာ ပိုက်ဆံရှိလာတဲ့ အချိန်ကျ ပြန်ပေးပါ့မယ်၊ အရင်က ငါက အနုပညာတက္ကသိုလ်မှာ ကျောင်းတက်ခဲ့ဖူးတယ်၊ ဒီတော့ ငါနည်းလမ်းတစ်ခုခုရှာပြီး ကျောင်းပြန်တက်ဖို့တွေးထားတယ်၊ ငါကျောင်းပြန်တက်ခွင့်ရတာနဲ့ ကျောင်းကနေ ငါ့အတွက် ထောက်ပံ့ကြေးငွေ ရလာလိမ့်မယ်၊ ‌တဖက်ကလည်း အချိန်ပိူင်းလူပ်ရင်းနဲ့ ကျောင်းတက်လို့ရနိုင်တာဘဲ၊ ဒီလိုဆိုရင် ငါသေချာပေါက် မင်းရဲ့ ပိုက်ဆံကို ပြန်ဆပ်နိုင်မှာပါ "

ကျီချီစန်းကတော့ ပေသီးတွက်ခုံ အသေးလေးလို အစီအစဉ်တွေချနေတဲ့ သူမကို ကြည့်ပြီး ဆက်ပြောဖို့ရာ သည်းမခံနိုင်တော့ဘူး။

အချိန်နဲ့ တပြေးညီ အရာရာတိုင်းက လိုက်ပြီး ပြောင်းလဲလာတယ်၊ အခုခေတ် ကျောင်းသူကျောင်းသားတွေက သူတိူ့အတွက် ထောက်ပံ့ကြေးငွေကြေး မရရှိရုံတင်မဟုတ်ဘူး သူတိူ့ကပါ ကျူရှင်စရိတ်ကို ပြန်လည်ပေးသွင်းနေရတယ်၊ ဒါကြီးက သူမအတွက် အကြီးဆုံး ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာနိုင်တယ်။

သူက ခေါင်းကို ငုံပြီး နူးညံ့စွာနဲ့ ပြောလိုက်တယ် " မားက ကျွန်တော့်အိမ်မှာနေပြီး တိုက်ခန်း ပြန်ရလာတဲ့ အချိန်ထိ စောင့်နေလိုက်ပါ "

ကူယွမ်က ဒါကို ကြားတော့ သူမရဲ့ မျက်ခုံးနက်လေးနှစ်ဖက်က စုကျုံ့သွားတယ်၊ သူမက ခဏကြာ တုန့်ဆိုင်းနေပြီးတော့ ကူကယ်ရာမရတဲ့ ပုံနဲ့ မေးလာတယ် " ဒါဆို မင်းအိမ်မှာ တစ်ယောက်ယောက်ရှိလား "

You've reached the end of published parts.

⏰ Last updated: Jan 18, 2022 ⏰

Add this story to your Library to get notified about new parts!

5 Big Shots kneeled and called me Mom ( Myanmar translation)Where stories live. Discover now