" အဟမ်းးးးး "

၂​ယောက်သား လုံး​ထွေး​ဆော့​နေရင်း အနားက ​ချောင်းဟန့်သံ​ကြောင့် လှည့်ကြည့်လိုက်​တော့  အရင်တစ်ခါ​တွေ့ဖူးသည့် Kelvin ဆိုသည့်သူ ..

​ဘေးမှာ​တော့ Kim Jongin က ​ဘောင်းဘီအိတ်ထဲ လက်နှိုက်ကာ မတ်တပ်ရပ်လို့​နေသည်။

" အယ်! ခင်ဗျားဘယ်လို​ရောက်လာတာ? "

" မင်းများ ပျင်း​နေမလားလို့ ​လျှောက်လည်ဖို့ ​လာ​ခေါ်တာ ..  ကြည့်ရတာ​​တော့ ...  ပျင်း​နေပုံမရဘူးပဲ "

Kim Jongin စကားဆုံး​တော့ Kyung Soo​ရော Jae Young ပါ လူချင်းခွာလိုက်မိသည်။

​လေသံအသွားအလာကို နား​ထောင်ရတာ  ဘာလို့ ရှာလကာရည်နံ့​တွေပါ ရ​နေသလို ခံစား​နေရပါလိမ့်​နော်!

" အဲ..   ပျင်း...ပျင်း​နေကြတာပါ ခင်ဗျ... ကျွန်​တော်လည်း ပျင်း​နေတာနဲ့ Kyung Soo ဆီ ထွက်လာခဲ့တာဗျ "

Jae Young က ​ပြောလည်း​​ပြော Kyung Soo ကို တစ်ချက်လှမ်းကန်ကာ မျက်ရိပ်ပြသည်။

" ဘယ်​ခေါ်သွားမှာလဲ "

" မင်းသွားချင်တဲ့ ​နေရာ "

" သူ့​ရော ​ခေါ်လို့ရလား "

" ခွီး! "

Kyung Soo ​​မေးခွန်းကို Kim Jongin က မ​ဖြေပဲ ရပ်​နေ​ပေမယ့် ​ဘေးနားက လူဆီက ရယ်သံက​တော့ ခွီးခနဲ ထွက်လို့လာသည်။

ထိုအသံ​ကြောင့် Kim Jongin က ထိုလူ့ဆီ တစ်ချက်လှမ်းကြည့်ကာ ပြန်​ဖြေသည်။

" ​ခေါ်ခဲ့​လေ ကိစ္စမရှိဘူး "

" ဒါဆို ခဏ​​လေး.. ယူစရာရှိတာ သွားယူဦးမယ် "

Kyung Soo ထိုသို့​ပြောပြီး အိမ်ထဲ ပြန်​ပြေးဝင်လာလိုက်သည်။

____________________

​အိမ်ထဲ လှစ်ခနဲ ပြန်​ပြေးဝင်သွားသည့် ဂျစ်တူးကို ကြည့်ရင်း Jongin သက်ပြင်းကြိတ်ချလိုက်သည်။

၂​ယောက်တည်း ​​လျှောက်လည်ချင်လို့ ဒရိုင်ဘာ​ရော လက်​ထောက်ဆုန်း​ရော ထားခဲ့ကာမှ ​ဘေးတွဲတစ်​ယောက်က ပါဖြစ်​အောင် ပါသွား​သေးတာမို့ စိတ်က မကြည်ချင်​တော့...

Rebirth As A Mafia's Bridegroom [카이수]Dove le storie prendono vita. Scoprilo ora