အပိုင်း [1]

5K 209 3
                                    

တစ်ခုသော‌ နေ့လည်ခင်း၌ အချိန်အားဖြင့်
12နာရီခွဲရှိပြီဖြစ်သည်။ဘောလုံးကွင်းအကျယ်ရှိသောခြံ၀န်းကျယ်ကြီးထဲရှိ နှစ်ထပ်တိုက်အိမ်ကြီး၏ ထမင်းစားခန်းတွင် အမျိုးသားနှစ်ဦး နေ့လည်စာစားရန် ပြင်ဆင်နေကြသည်။စားပွဲပေါ်မှာလည်း မြန်မာဟင်းများစုံလင်စွာဖြင့်... ။

" ကိုသွေး... သမီးယံယံကို သွားနှိုးလိုက်ဦးလေ အိမ်ပြန်ရောက်တည်းကအိပ်နေတာ မျက်နှာလေးကိုတောင်မမြင်ရသေးဘူး ထမင်းစားတာလည်းနောက်ကျနေဦးမယ်"

ဦးခွန်းထက်ပိုင်တစ်ယောက် ထမင်းစားဖို့ခူးနေရင်း သူ၏အမျိုးသားဖြစ်သူကို ပြောလိုက်ခြင်းဖြစ်သည်။

ထိုအခါမှ ထမင်းစားရန်ပြင်နေသည့် ကို‌သွေးမှာလည်း
"သမီးက ဒီနေ့မနက်ကမှ ပြန်ရောက်တာလေ လေယာဉ်စီးလာတာ ပင်ပန်းနေမှာပေါ့ အိပ်ပါစေ ပိုင်လေးရယ် သူဆာတဲ့အချိန်မှထစားလိမ့်မယ် ခုတော့ ကိုယ်တို့နှစ်ယောက်တည်းပဲ အရင်စားလိုက်ကြမယ်လေ..."

" ကိုသွေးကလည်း သမီးက ပိုင်လေးတို့ကိုတောင်ကြိုမပြောပဲပြန်လာတာ ပိုင်လေးကသမီးလေးကိုတွေ့ချင်လို့ဟာကို!"

နှုတ်ခမ်းလေးထော်ကာပြန်ပြောနေသည့် ပိုင်‌‌လေးရဲ့ပုံစံမှာ ဦးသွေးသစ္စာအတွက်တော့ ဘယ်သောအခါမှရိုးအီမသွားမည့် ချစ်စရာပုံစံလေးပင်ဖြစ်သည်။ ဘယ်ချိန်ကြည့်ကြည့် ထိုပေါက်စကို အသည်းယားနေရတုန်းပင်။

"လာပါ ထမင်းစားကြရအောင် ပိုင်လေးရယ်ဘာလဲ ကိုယ်ခွံ့ကျွေးပေးရဦးမလား!!"

ဦးသွေးသစ္စာတို့ကတော့ ပြုံးတုံ့တုံ့နဲ့ သူ့အမျိုးသားလေးကိုစနောက်နေသေးသည်။

ထိုစဉ် ထမင်းစားခန်းထဲသို့ ပခုံးပေါ်အထိ အိစင်းကျ‌ နေတဲ့ငွေမှင်ရောင် ဆံနွယ်လေးတွေကို အ‌ပေါ်တစ်လွှာကို စုပြီးစည်းထားသော မိန်းကလေးတစ်ယောက် ။
အသက်ရွယ်အားဖြင့် 22နှစ်ရှိပြီဖြစ်တဲ့ ဤအိမ်တော်ရဲ့အသည်းအသက်လေး ခွန်း‌နွေယံသွေး ။
သူမမှာ ပိုင်လေးနဲ့တူတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့နှာတံစင်းစင်းလေးတွေကိုပိုင်ဆိုင်ထားပြီး ထူထဲသည့်မျက်ခုံးတန်းတွေနှင့်ပါးလျသည့်နှုတ်ခမ်းပါးရဲရဲတွေကတော့ ကိုသွေးနှင့်တူတာဖြစ်ပါလိမ့်မည်။
5'8"ရှိတဲ့အရပ်မြင့်မြင့်ကိုလည်းပိုင်ဆိုင်ထား သေးသည်။ အသားရည်ဟာဆိုရင်လည်း ဖြူနေတာမျိုးမဟုတ်ပဲ ၀င်း၀င်းနှစ်နှစ်လေးဖြစ်သည်။ဒါပေမဲ့ တစ်ခုရှိတာက ပိုင်လေးတို့သမီးက ရုပ်ရည်လေးကအပြစ်ပြောစရာမရှိအောင် ချောမောလှပနေပေမဲ့ ပြုံးရယ်တာ ရှားပါးပြီး အမြဲလိုလို စကားနည်းတတ်သူပင်။

"ဟော... ပြောရင်းဆိုရင်း ကျေးဇူးရှင်လေး နိုးလာပြီပေါ့ ဟမ်! ရှန်ဟိုင်းမှာငါးနှစ်နေပြီးပြန်လာတာတောင် ပါပါးတို့ကိုကြိုပြောရောပေါ့ ပါပါးတို့လာကြိုမှာပေါ့သမီးရယ်... "
ပိုင်လေး သမီးယံယံကို အလိုမကျသံလေးဖြင့် ပြောလေတော့သည်။

Photograph [Completed]Onde histórias criam vida. Descubra agora