xzကအနောက်ဘက်ကနေထွက်လာခဲ့တယ်။

" ငါမှန်းဘယ်လိုလုပ်ပီးသိတာလဲ အကြားမြင်တွေများရနေတာလား? "

" ပေါက်ကရတွေ! မင်းခြေထောက်ကြီးတစ်ချောင်းလုံးပေါ်နေတာလေ! ရူးနေတဲ့သူပဲမသိမှာ! "

xzကခေါင်းကုတ်လိုက်တယ်။ပီးတော့ ရိပေါ်လက်ကြားထဲကဟာကိုကြည့်ပီးမေးလိုက်တယ်။

" အဲ့တာက.....သောက်လို့ကောင်းလား ''

" အင်း ''

" ငါ့ကိုနည်းနည်းပေးသောက် ငါစမ်းကြည့်ချင်လို့...နော် ''

xzကစီးကရက်ကိုလုံးဝမသောက်ဖူးဘူး။ လူကလဲဒါမျိုးတွေစိတ်မဝင်စားလို့မသောက်ဖြစ်တာလဲပါတယ်။
ဒါပေမဲ့သူကြည့်ရသလောက်ကတော့ybက ဒါကိုတရှိုက်ရှိုက်မက်မက်သောက်နေခဲ့တယ်လေ။ ဒါကြောင့်အရသာကိုသူသိချင်လာလို့မေးလိုက်တာဖြစ်တယ်။

ရိပေါ်မျက်နှာက အနည်းငယ်ခက်ထန်သွားပီး လက်ထဲကဟာကိုပစ်ချပီး ရှူးဖိနပ်ထိပ်နဲ့နင်းဖိကာမီးငြိမ်းလိုက်တယ်။

စမ်းကြည့်ချင်လို့ဆိုတော့ မသောက်ဖူးဘူးလို့ဆိုလိုတာပဲ~

" မသောက်ရပါဘူး! "

xzနှုတ်ခမ်းကရှေ့ကိုတစ်ထောင်လောက်ထော်ထွက်သွားပီးမကျေမနပ်ပြောလိုက်တယ်။

" မင်းကျတော့သောက်ပီးတော့! ဒါလေးကိုကပ်စေးနဲနေလိုက်တာ! မင်းမပေးလဲရတယ် ငါ့ဟာငါဝယ်သောက်ပစ်အုံးမှာ ကြည့်နေလိုက်! "

ရွဲ့တဲ့တဲ့ပြောပီးတော့ စိတ်ဆိုးမာန်ဆိုးနဲ့လှည့်ထွက်ဖို့ပြင်လိုက်တယ်။

ရိပေါ်က သူ့ကိုစိတ်ဆိုးသွားတဲ့xzကိုဖမ်းဆွဲပီး နံရံကိုအားနဲ့ဖိကပ်ပစ်လိုက်တော့ ညည်းညူသံလေးထွက်လာတယ်။

အင့်!

အားနဲ့ဆောင့်တွန်းခံလိုက်ရတော့ ကျောရိုးတွေကနာကျင်သွားရတာမို့ xzခမျာမျက်ရည်တောင်ဝဲလာမိရတယ်။

ငလူး ဘာတွေစားထားလို့အားကြီးနေရတာလဲ! ငါ့အရိုးတွေတော့ကျိုးပီထင်တယ်!

" ငါ့ကိုဖယ်ပေး! "

" အဲ့တာကရွဲ့တာပေါ့လေ မင်းကကလေးလားဟမ်? တစ်ခုခုပြောလိုက်ရင်ဟော့ဒီနှုတ်ခမ်းကဘာလို့ထော်ထော်လာရတာလဲလို့ ''

ကျွန်တော့်ချစ်သူ ဆိုးပေလေးWo Geschichten leben. Entdecke jetzt