Done

5.9K 244 2
                                    

A/N- ကီးဘုတ်က စာလုံးနှစ်ထပ်ရေးမရလို့ တစ်ချို့သောနေရာတွေမှာ နားလည်အောင် လို့တော့ ရေးထားပါတယ်။

"မားး ကျွန်တော် လက်မခံဘူးနော် လက်မခံချင်ဘူးဆို!!"

၀မ်ရိပေါ်ဟာ မားမား boy တစ်ယောက်ပေမယ့် ပထမဆုံးမားရဲ့ စကားကို ငြင်းဆို ခြင်းပင်။

"သား ဒီမှာ မင်းရဲ့ ပါး ဆုံးပြီးကတည်းက မင်းကို မားတစ်ယောက်တည်း စောင့်ရှောက်လာခဲ့တာ မားရဲ့ စကားကို မငြင်းဆန်ပါနဲ့ မင်းအပါးလိုဘဲ သူလည်း လူကောင်းတစ်ယောက်ပါ.."

"မား ကျွန်တော် ပါးရဲ့နေရာမှာ ဘယ်သူမှ အစားမထိုးနိုင်ဘူးဆိုတာ မားသိရဲ့လား ကျွန်တော့်အသက် အခုမှ ၂၀ ဘဲ ရှိသေးတာ။ မားရဲ့ နောက်ပါလာတဲ့ သားဘဲ တင် အသက် ၂၉  ရှိနေပြီး ။ မားယူတဲ့ယောကျာ်းက ဒီလောက် အိုပြုနေပြီးဟာကို..."

" ၀မ်ရိပေါ် မားပြောတာ နားထောင်စမ်း! မင်းသေချာပေါက်ကို လက်ခံရမယ်။ အချိန်တန်ရင်လည်း သူ့ရဲ့ သားနဲ့ မင်းလက်ဆက်ရမယ် ဒါဘဲ.."

"Shit!!!!!"

အိမ်ပေါ်တက်သွားသော မားက ဆုံဖြတ်ချက်ကို ပြင်မည့်ပုံမပေါ်။ စိတ်ရှုပ်ရှုပ်နဲ့ ဘားဆီဘဲ ‌ေခြဦးလှည့်လိုက်သည်။

၀မ်ရိပေါ်ဆိုတာက တရုတ်၀န်ကြီးရဲ့သားတစ်ယောက်။ နောက်ပိုင်း နိုင်ငံတော် အာဏာအလွှဲအပြောင်းတွေ ဖြစ်ပြီး သူ့ပါးက ကင်ဆာရောဂါနဲ့ ဆုံးတော့ ရှောင်းဝူဆိုတဲ့ ရှောင်းမျိုးနွယ်က သူ့ပါးရဲ့ ၀န်ကြီးချုပ်နေရာကို ဆက်ခံတယ်။ ‌ပြီးတော့ ၀မ်ရိပေါ်ရဲ့ မား၀မ်ဟွား က ၀န်ကြီး ချုပ် ကတော်ဟောင်းဆိုပေမယ့် အာဏာရှိ အမတ်တစ်ယောက်။ တစ်ခုရှိတာက ရှောင်းဝူနဲ့ ၀မ်ဟွားက အချစ်ဦး ရည်းစားဟောင်းတွေ။ တစ်နည်းပြောရရင် သူတို့ကို သဘောမတူလို့ဆိုပြီး သူတို့မိဘတွေက ခွဲလိုက်တာ။ ကံတရားက သူတို့ဘက်ပါနေတော့ ရှောင်းဝူဘက်က အမျိုးသမီးက သားအိမ်ကင်ဆာ ရောဂါနဲ့ ဆုံးပြီး ၀မ်ရိပေါ် အပါး ၀မ်ကျိုး ကတော့ ကင်ဆာနဲ့ ဆုံးပါးတယ်။ နောက်ပိုင်းကျ သူတို့နှစ်ယောက် ထင်တိုင်းကြဲနေကြတာကို ၀မ်ရိပေါ်သိပေမယ့် မားသဘောဟုသာ ငြိမ်နေခဲ့ရတာ။ အခုလို ပိုပြီး အဆင့်တက်လာတော့ ၀မ်ရိပေါ် က ဒီတစ်ခါတော့ မလိုမလိုက်နိုင်ပေမယ့် မားကိုလည်း လွန်ဆန်နိုင်မှာမဟုတ်ဘူး။

Done for life(Completed) Wo Geschichten leben. Entdecke jetzt