"ဗျာ??"ဟူသည့်​အသံမှလွဲ၍မထွက်​ခဲ့​ချေ...။

" ဟုတ်​တယ်​..ပြီး​တော့ မင်းရဲ့သစ္စာရှိမှုကို​မေးလိမ့်​မယ်​..ငါ့အ​ပေါ်ကို​ပေါ့..မင်းလုပ်​ရမှာက သူ​ပြောတဲ့အတိုင်းလုပ်​​ပေးဖို့...အထူးသဖြင့်​ငါ့ကိုသစ္စာ​ဖောက်​ခိုင်းတယ်​ဆိုရင်​​ပေါ့.."

"မယ်​မယ်​!!_"

" မစိုးရိမ်​ပါနဲ့ ...သူငါ့ကိုဒုက္ခ​ရောက်​တဲ့အထိ​တော့မခိုင်း​လောက်​ပါဘူး..ဒါ​ကြောင့်​ သူဘာခိုင်းခိုင်းမင်းသစ္စာရှိရှိလုပ်​​ပေးလိုက်​ပါ...ငါ့ရဲ့အာဏာကိုသူ့ကို​ပေးထားတာမို့ သူ့ကိုငါ့အ​ပေါ်သစ္စာရှိသလို ပဲသစ္စာရှိ​ပေးပါ..."

" ကျွန်​​တော်​နားလည်​ပါပြီ..."

အစက San Joonမယ်​မယ်​၏စကားတို့အားနားမလည်​​သော်​လည်း...ထို့​နေ့တွင်​ပဲ အမတ်​ချုပ်​ကြီး၏​ဆင့်​​ခေါ်မှုကိုခံရလိုက်​သည်​...။

'မယ်​မယ်​ကကြိုသိ​နေခဲ့တာလား??_´

မိမိထို​နေရာသို့ ​ရောက်​သည်​နှင့်​ ဆင့်​​ပြောလာသည့်​စကားတို့.....။

" မင်းငါ့အ​ပေါ်ဘယ်​​လောက်​သစ္စာရှိလဲSan Jonn!!"
မမိမိ၏အ​ဖြေအားကြားပြီး​နောက်​သ​ဘောကျစွာဖြင့်​ ဆက်​ဆိုလာသည့်​သူ...။

" Hwa Eunကိုသစ္စာ​ဖောက်​ရမယ်​ဆိုရင်​​တောင်​ငါ့အ​ပေါ်သစ္စာရှိမှာလား??_"

'တကယ်​ပဲ..တကယ်​ကိုဒီစကားကိုသူဆိုလိုက်​တာပဲ...´

"စိတ်​မပူပါနဲ့..Hwa Eunကိုဒုက္ခ​ရောက်​​အောင်​ငါမလုပ်​ပါဘူး_"

San Joonနှုတ်​ကမ​ပြော​သော်​လည်း...

'ဟုတ်​​တယ်​​လေ..အမတ်​ချုပ်​ကြီးကဘယ်​လုပ်​လို့ဖြစ်​မှာလဲ..ခင်​ဗျားကို ဒီ​လောက်​ချစ်​တဲ့သူကို ခင်​ဗျားသူ့ကိုသစ္စာ​ဖောက်​မှာသိသိကြီးနဲ့ခင်​ဗျားကိုသစ္စာရှိခိုင်းတဲ့သူကို​လေ!!´

ထို့​နောက်​မိမိဆက်​၍သိရသည်​က

'အိမ်​​ရှေ့စံကို လုပ်​ကြံဖို့_?? ဒါကမယ်​မယ်​လဲလုပ်​မှာပဲကို သူကအခုမှဘာဖြစ်​တာလဲ_??ပြီး​တော့ဒါကိုမယ်​မယ့်​ကိုမသိ​စေချင်​ဘူး??´

Devil System(U+Z)Where stories live. Discover now