လက်ကမ်းပေးနေသော Jihoon ကိုကျော်ကာ JaeHyuk အိမ်သာပြန်ရန်လှည့်လာခဲ့လိုက်သည်
ထို့နောက် silent လုပ်ထားမိသောဖုန်းကိုဖွင့်ကြည့်မိတော့ 
JeongWoo ဆီက missed call တွေကမနည်းတော့တာကြောင့် ပြန်ခေါ်လိုက်သည်

"Hello.... Jeong..."

"Asahi ဆေးရုံရောက်နေတယ် *** ဆေးရုံကိုလိုက်လာခဲ့ "

တစ်ဖက်က JaeHyuk ဆီက ဘာသံမှမကြားတော့တာကြောင့်

"ကားကိုဂရုစိုက်မောင်းနော်" ဆိုကာဖုန်းချသွားသော JeongWoo.....

JaeHyuk တဂယ်သူ့ကိုယ်သူအံ့သြမိပါသည်
ဗိုက်အောင့်တယ်လို့ပြောနေတဲ့လူကို အိမ်မှာတစ်ယောက်ထဲထားခဲ့ရတယ်
သူ့အတ္တကြောင့် သူ့စိတ်အလိုကြီးမှုကြောင့် ဒါတွေအားလုံးဟာသူ့ကြောင့်.....

JaeHyuk ကားကိုအရှိန်အမြန်ဆုံးတင်ကာ ထိုဆေးရုံသို့မောင်းသွားလိုက်သည်
ဆေးရုံရောက်သည်နှင့်လူနာနာမည်မေးကာ ခွဲစိတ်ခန်းရှိရာဆီသို့ရောက်လာသည်

"Hyung ဘယ်တွေသွားနေတာလည်း ဖုန်းခေါ်တာလည်းမကိုင်ဘူး "

"Asahi....ငါ့ကြောင့် အဲ့တာငါ့ကြောင့် ..."

နံရံကိုလက်ဖြင့်ထုကာ ငိုနေသော JaeHyuk ကို JeongWoo နားမလည်နိုင်တော့

"Hyung စိတ်လျှော့ပါ သက်သာသွားမှာပါ သူကအစာအိမ်ရောဂါအခံရှိလို့လို့ပြောတယ် စိတ်လျှော့နော်"

"ငါ့ကြောင့် သူဗိုက်အောင့်တာကိုသာ ငါယုံခဲ့ရင်အဲ့လိုဖြစ်မှာမဟုတ်ဘူး "

"ကျွန်တော်ကတော့ သူ့မိဘတွေကိုခေါ်ပေးသင့်တယ်လို့ထင်တယ် "

Ruto က Jaehyuk ကိုဘယ်လိုလည်းဆိုသောအကြည့်ဖြင့်ပြောလာသည်

"အင်းငါကိုယ်တိုင်ဖုန်းဆက်လိုက်ပါ့မယ်"

JaeHyuk က JeongWoo နဲ့ Ruto ကိုအားနာလို့ပြန်ခိုင်းပေမယ့်ဘသူတို့လည်း Asahi သတိရလာတဲ့အထိစောင့်ကြည့်မယ်ဆိုပြီး မပြန်ဘဲအတူရှိနေကြသည်
JaeHyuk ကတော့ သူ့ကိုသူနောင်တအကြီးအကျယ်ရပြီး ဘာစကားမှထပ်မပြောတော့ဘဲ...အခန်းတံခါးဖွင့်လာမယ့်အချိန်ကိုစောင့်နေသည်

3 နာရီလောက်ကြာတော့ အခန်းတံခါးဖွင့်လာတာမို့ JaeHyuk ဆရာဝန်ဆီအပြေးသွားကာ

The Same as {Completed}💛Donde viven las historias. Descúbrelo ahora