သို့သော်......
သူ့ခြေထောက်တွေက ကိုယ်ပိုင်အသိစိတ်ရှိနေသလိုမျိုး ပြန်လှည့်လာကာ သိလိုစိတ်တွေနဲ့ နောက်ဖေးလမ်းကြားဆီကို ဦးတည်လိုက်တယ်။ ဒီခပ်မှောင်မှောင် လမ်းကြားကနေသွားရင် အောင်မြင်ခြင်းကမ္ဘာရဲ့ နောက်ဖေးလမ်းကြားဆီကို ရောက်သွားနိုင်မလား သိချင်နေမိတယ်။
အောင်မြင်ခြင်းကမ္ဘာက သေချာပေါက် ဈေးကြီးလွန်းတဲ့ အသင်းဝင်ကဒ်ကို ပြခိုင်းမှာပဲ။ အရှေ့ပေါက်ကနေ ဝင်ဖို့မဖြစ်နိုင်ဘူး။ တကယ်လို့ ငါသာ အဲ့ဒီနေရာရဲ့ အနောက်ဘက်ကိုသွားပြီးမော့ကြည့်လိုက်ရင်...တိုက်တိုက်ဆိုင်ဆိုင် ရှောင်းလီက အဲ့ဒီက အခန်းတစ်ခန်းမှာရှိနေနိုင်တယ်။ သူအောက်ကို ငုံ့ကြည့်ရင်လည်း ကြည့်မှာပဲ။
ချီရှို့ယွမ် သူ့ကိုယ်သူ အခုမှစချစ်ဖူးတဲ့ ကောင်လေးတစ်ယောက်လို ခံစားနေရတယ်။ ဒါမှမဟုတ် သူရူးများသွားတာလား။ အဲ့လိုမှမဟုတ်ရင် သူဘာလို့ ဒီလို ရူးရူးနှမ်းနှမ်းတွေ လုပ်နေမှာလဲ။ အပျော်သဘောလား။
အလင်းရောင်မှောင်မိုက်မိုက်ထဲမှာ ချီရှို့ယွမ် ထောင့်ချိုးနှစ်ခုကို ချိုးဝင်လာပြီးနောက် အတော်ကြာအောင် တည့်တည့်လျှောက်နေမိတယ်။ သူခေါင်းမော့ကြည့်လိုက်တော့ အောင်မြင်ခြင်းကမ္ဘာက အတော်လေးနီးနေပြီ။ သူ့ရှေ့မှာတော့ လမ်းကွေ့တစ်ခုရှိသေးတယ်။ ဒါနဲ့သူလည်း ခပ်မြန်မြန်လေး သုတ်ခြေတင်လိုက်တယ်။
ရုတ်တရက် အမှောင်ထဲကနေ လက်တစ်ဖက်ထွက်လာပြီး သူ့ကို တွန်းထုတ်လိုက်တယ်။ ချီရှို့ယွမ် သူ့ကိုလူတစ်ယောက်က နံရံဆီတွန်းကပ်ပြီး ဖိထားခံလိုက်ရသော်လည်း တုံ့ပြန်ချိန်မရလိုက်။ ချီရှို့ယွမ် သူ့ကိုယ်သူထိန်းဖို့ကြိုးစားရင်း နံရံကိုလက်နဲ့တွန်းထားရတယ်။ သူနောက်ကိုလှည့်လိုက်ချင်သော်လည်း ထိုလူက လက်မှာအားကုန်ထည့်ပြီး သူ့ဂုတ်ကနေ ကိုင်ကာ နံရံမှာ သူ့မျက်နှာကို ဖိထားခဲ့တယ်။
" ဘာသံမှ မထွက်နဲ့။ "
ထိုလူက အသံခပ်တိုးတိုးနဲ့ပြောတယ်။ သူ့လေသံက ခြိမ်းခြောက်သလိုမျိုး ချီရှို့ယွမ်နားထဲတိုးဝင်လာတယ်။
DU LIEST GERADE
Lawless Gangster (Myanmar Translation)
RomantikOriginal Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Disclaimer - I don't own any of this novel content. All belongs to the author Bai Shan Hei Shui.
Episode 15
Beginne am Anfang