"ဒီမှာထိုင်။"

သူထိုင်နေသောနေရာ၏ ဘေးကပ်လျက်ခုံကို လက်ဖြင့်ပုတ်ပြနေတော့ Jisung မှာ မျက်လုံးလေးကလယ်ကလယ်။ သူ့ရှေ့တွင် စားလက်စမုန့်ကိုဆက်ပင်မဝါးနိုင်ဘဲ ကြည့်နေကြသူနှစ်ဦးမှာလည်း မျက်လုံးလေး ကလယ်ကလယ်။

"အမြဲတမ်း Canteen မှာ တစ်ယောက်တည်းထိုင်နေရတာ မပျင်းဘူးလား။ နောက်ဆိုရင် ငါတို့နဲ့လာထိုင်။ ကြားလား။"

Jisung မှာ ခေါင်းကိုသာ မဝံ့မရဲငြိမ့်ပြသည်။ အမှန်အတိုင်းဆိုရလျှင် Minho ပြုမူနေပုံတို့ကို မည်သူမျှနားမလည်နိုင်။ Chan က ပေါင်မုန့်ကို အလျင်အမြန်မြိုချကာ Minho ကို မျက်လုံးပြူးကြည့်၍ "ဘယ်သူလဲ" ဟုမေးတော့မှ မိတ်ဆက်ပေးရမည်ကို သတိရဟန်ပေါ်သည်။

"Sorry Sorry။ မိတ်ဆက်ပေးဖို့မေ့သွားလို့။ ဒါက ဒုတိယနှစ်က​ ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် Han Jisung တဲ့။ ငါတို့ရဲ့ Junior ပေါ့။ အခုထိသူငယ်ချင်းရေရေရာရာရှိသေးတဲ့ပုံမပေါ်လို့ ငါတို့ကပဲ ဂရုစိုက်ပေးရအောင်ပါ။"

Bang Chan ကတော့ Jisung ကိုပြုံး၍ကြည့်ကာ ခေါင်းငြိမ့်ပြသော်လည်း Changbin ကတော့ ယခုထိ အခြေအနေကိုလိုက်မှီသေးဟန်မပေါ်။ "Han Jisung? Han Jisung ဆိုတာ ဟိုသရဲအိမ်က ကလေးမဟုတ်လား။ ပြီးတော့ သူ့ကိုလည်း stalk နေတယ်ဆို။ ဘယ်ကနေဘယ်လိုခင်သွားပြီး ငါတို့ကရော ဘာလို့ဂရုစိုက်ပေးရမှာလဲ။ " ဟုသာ အတွေးထဲ၌ သူ့ကိုသူ မေးခွန်းထုတ်နေမိတော့သည်။

"Jisung။ ဒါက Bang Chan။ ငါတို့အတန်းရဲ့ အတန်းခေါင်းဆောင်။ ဒါက Seo Changbin။ မင်းလိုအပ်တာတစ်ခုခုရှိရင် ငါ့ကိုမှမဟုတ်ဘူး။ ဒီနှစ်ယောက်ကိုလည်းပြောလို့ရတယ်။ ဒီကောင်တွေက ငပေါတွေ။ ရှိန်နေစရာမလိုဘူး။"

ကောင်လေးမှာ အင်းမလုပ် အဲမလုပ်နှင့် ခပ်တွေတွေသာ စိုက်ကြည့်နေသဖြင့် Bang Chan နှင့် Changbin မှာ အားနာပြုံးသာ ပြုံးပြတတ်တော့၏။ သူယူလာသော salad နှင့် ကော်ဖီတစ်ခွက်ကို အေးအေးဆေးဆေးစစားနေချိန်၌လည်း နှစ်ယောက်သားမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ အကဲခတ်နေကြရုံအပြင် မတတ်နိုင်။

"Chan Hyung"

ကို့ရိုးကားယားအနေအထားနှင့် တိတ်ဆိတ်နေသော ဝိုင်းကို Chan ၏ကျောနောက်ဘက်မှထွက်ပေါ်လာသော အသံတစ်ခုဖြိုခွင်းလိုက်သည်။ ကျန်သုံးယောက်မှာလည်း အသံလာရာသို့ ဝိုင်းကြည့်ကြ၏။

Clarity || Minsung FF||Onde histórias criam vida. Descubra agora