Everything For You

Start from the beginning
                                    

မောင် နဲ့ ကျွန်မ က မိဘတွေပေးစားလို့ လက်ထပ်ခဲ့ရတာဖြစ်နေပေမယ့် အချိန်ကြာလာလေလေ တစ်ယောက်အပေါ်တစ်ယောက် သိပ်ကို သံယောဇဉ်ရှိလာလေပါဘဲ။
ပြီးတော့ မောင်ဟာလည်း သိပ်ကို လင့်ဝတ္တရား ကျေပွန်တဲ့သူ။

စားပြီးသား ပန်းကန်တွေဆေးပြီးတာနဲ့  အိပ်ခန်းထဲ ဝင်ပြီး ကုတင်ပေါ်မှာ လှဲလိုက်သည်။ မောင် ကတော့ ရေချိုးနေတုန်း။

ခဏကြာတော့ Joash  ရေချိုးခန်းထဲကထွက်လာသည်။ ခန္ဓာကိုယ်အောက်ပိုင်းကို တဘက် တစ်ခုဘဲ ဖုံးအုပ်ထားလျက် ကုတင်ပေါ်မှာ လှဲနေသည့် Daisy ကို အပေါ်စီးကနေ အုပ်မိုးလိုက်သည်။

"မောင် ဘာလုပ်မလို့လဲ"

"ဒီနေ့က မောင်တို့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်လေ...အမှတ်တရဖြစ်အောင်လုပ်ရမှာပေါ့"

ပြောရင်း Joash က တဘက်ကိုဆွဲချွတ်လိုက်သည်။

Daisy လည်း Joash နှုတ်ခမ်းသားတွေကို စုပ်နမ်းရင်း
Joash လက်ကလည်း Daisy ကိုယ်ပေါ်က အဝတ်တွေကို ဖယ်ရှားရင်း ခဏအကြာမှာတော့ နှစ်ယောက်လုံး ဝတ်လစ်စလစ် ဖြစ်သွားသည်။

Daisy ရဲ့ ခန္ဓာကိုယ်အနှံ့ စိတ်ကြိုက် ရှိုက်နမ်းပြီးနောက်မှာတော့ Daisy  အလွန်ကိုတောင့်တနေပြီ။

Joash ဇာတ်လမ်းစဖို့ သူ့ညီလေးကို ကိုင်လိုက်သည့်အချိန်

Phone rings ~~

ကုတင်ဘေး စားပွဲပေါ်က Joash phone က အသံမြည်လာသည်။

"ဘယ်သူ phone ဆက်နေဝာာလဲ ကိုင်လိုက်လေ"

Joash က phone ကိုတစ်ချက် လှမ်းကြည့်လိုက်ပြီး

"ရတယ် အရေးမကြီးဘူး"

ပြောရင်း ဆာလောင်နေတဲ့ ခြင်္သေ့တစ်ကောင်အလား ဇာတ်လမ်းဆက်တော့သည်။

မင်္ဂလာ သက်တမ်း တစ်နှစ်ပြည့်သွားပေမယ့် ခုချိန်ထိ မောင် ဟာစွဲလမ်းစရာကောင်းနေတုန်းပါဘဲ။

-------------------------------------------------

"Rosie, ကိုယ်မင်းကိုစိတ်မဝင်စားဘူးကွာ ကိုယ့်မှာလည်း အမျိုးသမီးရှိတယ်"

Rosie ဆိုသည့် မိန်းကလေးက ကျွန်တော့်အမျိုးသမီး Daisy နဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်က ခင်သည့် သူငယ်ချင်းဖြစ်သည်။

Short Stories By JWhere stories live. Discover now