What Did I Do Wrong?

134 17 1
                                    

Unicode
--------

"Andy..သားရေ ညစာလာစားလို့ရပြီ"

"လာပြီ အမေ"

Andyက ကျွန်တော့်လက်ကိုဆွဲပြီး အောက်ထပ်ပြေးဆင်းသွားသည်။

ကျွန်တော်လူမှန်းသိတက်စအရွယ်ထဲက Andy ဘေးနားမှာနေပြီး တူတူကြီးပြင်းလာရသည်။ အခု ကျွန်တော်တို့နှစ်ယောက်စလုံး 10 နှစ်ရှိနေပြီဖြစ်သည်။

Andy ကတော့

"ငါငယ်ငယ်က တစ်ယောက်တည်းနေရတာအရမ်းပျင်းလို့ ငါအဖော်ရအောင် မင်းကိုမွေးစားထားတာ"

လို့ပြောဖူးသည်။

Andy က ထမင်းစားပွဲဝိုင်းမှာ နေရာယူလိုက်ပြီး သူ့ဘေးမှာ ကျွန်တော့်ကိုဝင်ထိုင်ခိုင်းသည်။
အမေကတော့ Andy ထမင်းပန်းကန်ထဲ ဟင်းတွေထည့်ပေးနေသည်။

Andy က ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး

"မေမေ၊ Jack အတွက်လည်း ထမင်းခူးပေးဦးလေ"

အမေက ကျွန်တော့်ကို မျက်ခုံးရှုံ့ကြည့်ပြီးမျက်နှာပျက်သွားသည်။ သို့သော်လည်း ပန်းကန်တစ်ခုယူပြီး ကျွန်တော့်အတွက် ထမင်းခူးပေးနေသည်။

Andy ကကျွန်တော်အပေါ် သိပ်ကောင်းလွန်းပေမယ့် Andy မိဘတွေက ကျွန်တော့်ကိုရှိတယ်လို့ကို သဘောမထားတဲ့အတွက်ကြောင့် တစ်ခါတစ်လေ အားငယ်ရသည်။

ကျွန်တော့်ရှေ့ ထမင်းပန်းကန်တစ်ခု ရောက်လာမှ Andy လည်း ပျော်သွားသည်။

ကျွန်တော့်ဘေးမှာ Andy ရှိနေသေးလို့သာတော်သေးတာပေါ့။

အိပ်ခံနီး Andy နဲ့အတူတူ ခြေလက်မျက်နှာ ဆေးကြောပြီး အိပ်ရာဝင်လိုက်သည်။ Andy က သူ့ ကုတင်ပေါ်မှာ အရုပ်လေးတွေနဲ့အတူအိပ်လေ့ရှိပြီး ကျွန်တော်ကတော့ အိပ်ခန်းထဲက Sofa လေးပေါ်မှာဘဲ အိပ်ရသည်။

အဖေ နဲ့ အမေက အိပ်ရာပေါ်က Andy နှဖူးကို နမ်းပြီး
"Goodnight Andy"

"Goodnight daddy, goodnight mommy"

အဖေ နဲ့ အမေထွက်သွားဝောာ့ Andy က Sofa ပေါ်က ကျွန်တော့်ကိုလှမ်းကြည့်၍
"Goodnight Jack"

ပြောပြီး ကုတင်ဘေးက မီးအိမ်ကြိုးလေးကိုဆွဲလိုက်သည်။

တစ်ခန်းလုံး အမှောင်ကျသွားသည်။

Short Stories By JМесто, где живут истории. Откройте их для себя