❤ My Little ko ko ❤ Part 8

Start from the beginning
                                    

ထိုစကားကြောင့်... အအေးပင် သီးသွားကာ

" အဟွတ်...ဟွတ်...သူ..သူနဲ့ ဘာ..ဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ပါဘူး "

သူ့အပြောကြောင့် ဟန်ငြိမ်းမှ

" စကားတွေ ထစ်မနေနဲ့ ခွန်းလေး မေးတာက မင်းချောင်းသာမှာ ရှင်းသန့်နဲ့ ရန်ဖြစ်ပြီး ထွက်သွားတာလား မေးတာ "

" အော်..အင်း..မဟုတ်ဘူး.. ဟို.. ရုတ်တရတ် ကြီးကြီးမြတို့ကို သတိရသွားလို့ သွားလိုက်တာ တော်ပြီ မမေးတော့နဲ့ ခုပြန်ရောက်နေပြီပဲ စိတ်ပူစရာမရှိတော့ဘူး "

" omm.ပါ နောက်တခါ ခုလိုအဆက်အသွယ်ဖြတ်သွားရင် သေခန်းပြတ်ပဲ ဟွန့်... "

"ဟီး...နောက်တစ်ခါဆိုတာ မရှိတော့ပါဘူး "

ထို့နောက် စကားဝိုင်းမှာ တိတ်ဆိတ်သွားကာ ကိုယ်စီအတွေးဖြင့်... ခနကြာ ဟန်ငြိမ်းမှ

" ခန့်လေး..."

"ဟင်...ဘာလဲ "

" ငါမင်းကို မေးမယ်နော် "

" မင်း... ယောကျ်ားလေးချင်းကြိုက်တာကို လက်ခံလား "

" ဟမ်... လက်ခံတယ်လေ..ဒါကြောင့် မင်းတို့ကို ငါကန့်ကွက်လို့လား "

ထိုအခါ ခွန်းမာန်မှ

" ဒါဆို...ကိုခန့်ကရော... ဘာလို့ ရှင်းသန့်ကို လက်မခံတာလဲ "

ခွန်းမာန်ရဲ့ အမေးကြောင့် ဟန်ငြိမ်းနဲ့ ခန့်မှာ ကြောင်အ သွားရသည်။ ပြီးမှ...

" ဟို...မာန်ကတော့ နောက်ပြီ... ဟင်း...ဟင်း "

ခန့်လေး ရယ်လိုက်တဲ့ အရယ်မှာ လန့်ပြီးရှက်ရယ်ရယ်သလို ဖြစ်နေသည်။

" ခန့်လေး... မင်းမသိချင်ယောင်ဆောင်မနေပါနဲ့တော့ မင်းမသိဘူး ဆိုရင်တောင် ဘေးလူတွေသိတယ် "

ဟန်ငြိမ်းအပြောကြောင့် ခန့်လေးမှာ မျက်နှာတွေ ထူပူပြီးရဲတက်လာလေသည်။ ခုနေ ခန့်လေးမျက်နှာပေါ်မှာ
ရေနွေးတည်ရင် လက်ဖက်ခြောက်ခပ်ရုံပင်။...

" ဟို....ဟို... "

" ဟို..ဒီတွေလုပ်မနေပါနဲ့ ငါတို့အားလုံးသိပြီးပြီ ရှင်းသန့်ပြောလို့... မင်းလဲ သူ့ကိုချစ်နေတယ်မလား ဒါဆို မင်းရှောင်မနေသင့်ပါဘူး...ပြီးတော့ ရှင်းသန့်က မင်းထက်ငယ်ပေမယ့် ရင့်ကျတ်တည်ငြိမ်ပြီး ဘတ်စုံထူးချွန်တဲ့ကလေးပါ "

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now