အင်းပေါ့...  သူကလဲချစ်နေရတဲ့သူလေ ။

"ငါ တောင်းပန်ပါတယ် ​ရှောင်းကျန့်ရယ်.... မင်း အဆင်မပြေတဲ့အချိန်မှာ ငါစကားတွေနဲ့မထိုးနှက်သင့်ဘူး....။အခု မင်းဘယ်လိုလုပ်ချင်လဲပြော.... ငါ မင်းသဘောဆန္ဒ အကုန်လိုက်လုပ်ပေးမယ်"

"ငါ... ဝမ်ရိပေါ်နဲ့..... ဝမ်ရိပေါ်နဲ့ စကားပြောချင်တယ်"

ဟုန်ပေါင်း စကားတွေအရှည်ကြီး ဆက်ပြောမနေဘဲ ရှောင်းကျန့် ဖုန်းကိုယူကာ.... သူ့ နံပါတ်အပေါ်မှာရှိနေတဲ့ တစ်ခုတည်းသော ဖုန်းကိုခေါ်လိုက်တယ်။

ဟိုဘက်ကဖြေလာတဲ့အသံက ဟုန်ပေါင်းရဲ့ဒေါသကိုပိုပြီးမကြီးကြီးအောင် ဆွနေသလို....။

"ဆက်ပြန်ပြီလား.... ခင်ဗျားဘာပြောအုံးမလို့လဲ"

"ဝမ်ရိပေါ်.... မင်း ဘယ်လိုတောင်လုပ်ရက်တာလဲကွ ဟမ်.... ရှောင်းကျန့်မှာ ဘာအပစ်ရှိလို့လဲ"

"သြော်..... ခင့ဗျားက သူ့သူငယ်ချင်းဆိုတဲ့သူထင်တယ် ရုပ်မမြင်ရဘဲအသံကြားထဲက စရိုက်အတူတူဘဲဆိုတာ သိနေရတယ်"

"မင်း....မင်း....."

ရှောင်းကျန့် ဟုန်ပေါင်းလက်ထဲကဖုန်းကိုဆွဲယူပြီး ဝမ်ရိပေါ်ကို ဖုန်းပြောဖို့လုပ်လိုက်တယ်။

"ငါပြောမယ်.... ဟုန်ပေါင်း"

ရှောင်းကျန့်ရဲ့ ရီဝေနေတဲ့ စကားသံကြောင့် မူးနေပြီဆိုတာ တစ်ဖက်က ဝမ်ရိပေါ် သတိထားမိသည်။

"ဝက်ပေါက်..... ကို့ရဲ့ဝက်ပေါက်လေး.... ကို့ဆီပြန်လာတော့မှာလား...ဟင်...ပြန်လာတော့မှာမဟုတ်လား"

"ခင့ဗျားရူးနေတာလား...ထွက်သွားတယ်ဆိုတာ ပြန်လာဖို့မှမဟုတ်တာ.... "

"ဒါဆိုရင် ကို့ဘဝထဲကို ဝင်လာတာတော့ ထွက်သွားဖို့ပေါ့.... ဟုတ်လား ဝမ်ရိပေါ်"

ဝမ်ရိပေါ် စကားဆက်မပြောဘဲ ခဏတိတ်ဆိတ်သွားတယ်။

"မဆိုင်တာတွေ လာမပြောနဲ့ ရှောင်းကျန့်"

"ဒါဆို ဆိုင်တာပြောမယ်....
မင်းငါ့ကိုချစ်တယ်ဆို.... ငါမရှိရင် မင်းဘဝကမပြည့်စုံနိုင်ပါဘူးဆို အခုရော.. ပြီးတော့ အနားမှာအမြဲရှိနေပေးဖို့ ထားမသွားဖို့တောင်းဆိုခဲ့တာ မင်းလေ ဝမ်ရိပေါ်ရဲ့"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Onde as histórias ganham vida. Descobre agora