"တော်သေးတာပေါ့ ကိုကိုရယ် .... ခခလဲ ကိုကြီးသူရိန်ကိုတွေ့မှ မုန့်ကျွေးပြီး ကိုကို့ကို အထူးဂရုစိုက်ပေးပါလို့ မှာရမယ် "

"ကိုသူရိန်နဲ့ ခခတို့က ဘယ်လိုမျိုးတော်စပ်တာလဲ "

"ဆွေမျိုးစပ်ရင်တော့ တော်တော်ဝေးတယ် ကိုကိုရဲ့ ..... ကိုကြီးသူရိန်က ဖေဖေ့ အဒေါ်တစ်၀မ်းကွဲရဲ့ မြေးဆိုတော့ ဖေဖေနဲ့ဆို ဘယ်လိုတော်မလဲ .... "

"အဒေါ် တစ်၀မ်းကွဲရဲ့ မြေး ? "

ကိုကိုက ခခအပြောကြောင့် အတွေးရှုပ်သွားပုံမို့ .....

"ဒီလိုကိုကိုရယ် .... ဖေဖေ့ အမေနဲ့
ကိုကြီးသူရိန်အဘွားက ညီမတစ်၀မ်းကွဲတော်တယ် .... ဖေဖေနဲ့ ကိုကြီးသူရိန် အဖေဆို ညီအစ်ကို နှစ်၀မ်းကွဲပေါ့ .... "

"ဒါဆို ခခနဲ့ ကိုသူရိန်က မောင်နှမ သုံး၀မ်းကွဲပေါ့ .... "

"အွန်း ဟုတ်တာပေါ့ အဲ့တာကြောင့် အမျိုးစပ်ရင် တော်တော်ဝေးတယ် ....
အမျိုးဝေးတယ်ဆိုပေမယ့် ခခတို့က ဆွေမျိုးရှားတော့ ဖေဖေက ကိုကြီးသူရိန်ကို တူအရင်းလိုမျိုး ဦးစားပေး ဆက်ဆံတာ ကိုကိုရ .... ကိုကြီးသူရိန်ကလဲ အားကိုးရတာလဲ ပါတာပေါ့ ...... "

"ဒါဆို ကိုယ်လဲ ကိုယ့်ရဲ့ ယောက်ဖ သုံး၀မ်းကွဲကြီးကို အခုထဲက ဖားထားရတော့မယ်ထင်တယ် .... လူပျိုကြီးကို ကောင်မလေးချောချောလေး ရှာပေးလိုက်ရင်ကောင်းမလား .... "

"ကိုကိုနော် ကိုကြီးသူရိန်က သူ့ဘ၀နဲ့သူ အေးအေးဆေးဆေးလေးရှိနေတာ ... 30 ကျော်ဆိုတာတောင်မသိသာပါဘူးနော်
မသိတဲ့သူတွေဆို 26/27 လို့ပဲ ထင်ကြမှာ
......သူသဘောကျတဲ့ မိန်းကလေးတွေ့ရင် သူ့ဘာသူကြိုးစားလိမ့်မယ်.... ကိုကိုက ဘယ်မိန်းကလေးမှလဲ ရှာပေးစရာမလိုဘူး..... ဘယ်မိန်းကလေးမှလဲ လိုက်မကြည့်နေရဘူးနော် .... "

သူ့ကို သ၀န်တွေ စွတ်တိုနေသည့် မဗိုက်
ကလေးကို ကြည့်ပြီး မိုးစျေ တဟားဟား
အော်ရယ်မိသည်......

"မဗိုက်က ကိုကို့ကို သ၀န်တွေတိုနေတာပေါ့ ဟုတ်လား ..... "

"တိုရတာပေါ့ ကိုကိုရဲ့ ..... ကိုကိုက ဒီလောက်ချောတာ .... အိမ်ထောင်သည် ကလေးအဖေ ဆိုတာ နဖူးမှာ စာကပ်ထားလို့ရတာလဲ မဟုတ်ဘူး ... ပြီးတော့လေ
စာရင်းဌာနက supervisor မမျိုးတို့ညီအစ်မကို သတိထားဦးသိလား ....

🤍 Unrequited Love Means 🤍जहाँ कहानियाँ रहती हैं। अभी खोजें