အခုလည်းရှုပ်ထွေးနေတဲ့အတွေးအဖြာဖြာနဲ့ပဲကားမောင်းလာလိုက်တာ မျက်စိတစ်မှိတ်အတွင်းအိမ်ရောက်လာသလိုပင်။ ပစ္စည်းပစ္စရာတွေအကုန် သူသယ်ပေးမှဖြစ်မည်မလား...။ ထို့ကြောင့် သယ်စရာရှိတာသယ်ပြီးသူမထက်အလျင်ထွက်လာခဲ့လိုက်သည်။ သူမကတော့အနောက်ကနေတသုတ်သုတ်နဲ့လိုက်လာမှာမြင်ယောင်သေး...။

အိမ်ထဲအရောက်တွင်...

" Jimin ssi... ကျွန်မ..."

" ငါနားတော့မယ်...."

" ဘာဖြစ်နေတာလဲ... အခုနအထိအကောင်းကြီးရှိနေသေးတာ.. ကျွန်မဘာအမှားလုပ်မိလို့ အခုလိုခပ်တန်းတန်းဆက်ဆံနေတာလဲ။ တစ်ကယ်ပဲ ဘာလို့လဲ .."

" ... "

" အာ... အခုမှ ရှင်ပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုနားလည်ပြီထင်တယ်။ Namjoon oppaကရှင့်ထက်Heejinကိုပိုပျော်အောင်လုပ်ပေးနိုင်တယ်ဆိုတာမျိုးက... ရှင်ကအမြဲတမ်းရှင့်ခံစားချက်ကိုဦးစားပေးတတ်တဲ့လူဖြစ်နေတာလေ။ အဲ့တာကြောင့် Heejinကရှင့်ထက်namjoon oppaနဲ့အတူရှိချိန်‌တွေမှာပိုပျော်နေတာပေါ့။ ဒါ ရှင့်အမှား... ညီအစ်ကိုဝမ်းကွဲသာဆိုတယ်.. Namjoon oppaကရှင့်ထက်အများကြီးသာနေတာသိရဲ့လား ..။"

တရစပ်ဖွင့်အံလာတဲ့စကားလုံးတွေကြောင့်Jiminသွေးဆူလာသည်။ သူ့ဘဝမှာအမုန်းဆုံးက Namjoonနဲ့အယှဉ်ခံရခြင်းပေ။ အခု သူမုန်းတဲ့အရာကိုခါးခါးသီးသီးဆိုလာတဲ့haeunကိုသတ်ပစ်ချင်လောက်တဲ့အထိသူဒေါသထွက်ရပါသည်။

ဒေါသအလိုကိုသူထိန်းမရတော့... Haeunရဲ့လည်တိုင်ကိုတင်းတင်းဆုပ်ကိုင်ကာ နံရံဆီခပ်ကြမ်းကြမ်း‌ဆောင့်တွန်းလိုက်တော့ ဗုန်းကနဲမြည်သွားတဲ့အသံနဲ့အတူ သူမမျက်နှာဟာတွန့်ကနဲဖြစ်သွားသည်။

" Heejinဘာသာငါနဲ့ပျော်သည်ဖြစ်စေ... မပျော်သည်ဖြစ်စေ ငါ့ကိစ္စမလို့မင်းဝင်မပါစမ်းနဲ့...။ နေရာပေးလို့ ယောင့်တက်မလာနဲ့ Kang Haeun!!"

အံကိုကြိတ်ခဲပြီးတစ်လုံးချင်းစီစကားဆိုနေတဲ့jiminရဲ့ပုံစံဟာအလွန်ကြောက်ဖို့ကောင်းသည်။ သူမjiminရဲ့ဒီလိုပုံစံကိုတစ်ခါမျှမမြင်ဖူးပေ။ သူကတော့သူပြောချင်တာပြောပြီး သူမရဲ့လည်ပင်းကိုဆက်ကနဲလွှတ်ချကာအခန်းထဲဝင်သွားသည်။ ထိုနေရာမှာတင် ကျန်ခဲ့တဲ့သူမကတော့ချောင်းတဟွတ်ဟွတ်ဖြင့် သာ...။ ခရမ်းရောင်သန်းနေတဲ့လည်ပင်းနားတစ်ဝိုက်ဟာလည်း စပ်ဖျဉ်းဖျဉ်းဖြစ်နေတာမို့သူမမျက်ရည်ပင်ဝဲတက်လာရသည်။

My Confusing Partner (✔︎)जहाँ कहानियाँ रहती हैं। अभी खोजें