If We Love Again (Unicode)

549 52 2
                                    

ကျွန်မ..... နာကျင်မှုတွေကြားမှာပျော်မွေ့တဲ့လူ

ကျွန်မ.....ဥပေက္ခာ ပြုမှုတွေကြား ရှင်သန်နေတဲ့လူ

ကျွန်မ....သူမရဲ့ လှောင်ပြောင်မှုတွေကြား
နေသားကျနေတဲ့လူ

ကျွန်မ........အရူးတစ်ယောက်လို
သူမအတွက်ပေးဆပ်နေတဲ့လူ

ကျွန်မ..... ကျွန်မ.....ကျွန်မ....

သူမပေးတဲ့နာကျင်မှုကအစ
မြတ်နိုးလွန်းတဲ့ လူ

ယွန်းဝတ်လွှာ

" နင်သူ့ကိုမမေ့နိုင်သေးဘူးလား
နင့်ကိုယ်နင် ဘယ်လောက်ထိ
နှိပ်စက်နေအုံးမှာလဲ "

သူငယ်ချင်းမလေးရဲ့ အားမလိုအားမရ
မပြစ်တင်သံအဆုံး ဖြေနေကြစကားလေးကိုသာ
ပြန်ဖြေရအုံးမှာပါပဲ

"ငါသူ့ကိုချစ်ခဲ့တာ
မေ့ဖို့မှမဟုတ်တာဟ "

"Shit! !! သောက်ရေးမပါတဲ့အချစ်အကြောင်း
ငါ့ကိုလာမပြောနဲ့ ယွန်းဝတ်လွှာ
နင်သောက်ရမ်းချစ်လှပါရဲ့ဆိုတဲ့
နင့်ex မက နင့်ကိုကစားနေတာလေ
နင်မသိရအောင် နင်ကအရူးလား ဟမ် "

"သိတယ်! !! ငါသိတယ်
ငါ့ကိုကစားနေတာလဲသိတယ်
အသုံးချနေတာလည်းသိတယ်
အပျင်းပြေကစားတဲ့အရုပ်လို
သဘောထားတာလဲသိတယ်
ငါအကုန်သိတယ်လို့! !!!
သိလည်း ငါဘာဆက်လုပ်နိုင်မှာလည်း
သောက်သုံးမကျတဲ့ နှလုံးသားက
သူမှသူဖြစ်နေတာကို "

ကျွန်မရဲ့နာကျင်မှုတွေက
သူမကြောင့်ဆိုတဲ့အသိနဲ့တင်
ပျော်ရွှင်ရတယ်ဆိုရင်ရော.......

"မရေတာ့ဘူး ယွန်း
နင်တကယ် ဆေးမမှီတော့ဘူး
ငါနင့်ကိုပြောနေတယ်ဆိုတာက
အဆုံးသတ်ကြရင် နင်နာကျင်မှာကို
ငါမကြည့်ရက်လို့ သူငယ်ချင်းတစ်ယောက်
အနေနဲ့ရော ညီအမတစ်ယောက်အနေနဲ့ပါ
ငါတားနေရတာ တားမရေတာ့လဲ
နင်လုပ်ချင်တာသာလုပ်တော့ "

နင်သိလား နွယ်
ငါတစ်ကမ်ဘာလုံးနဲ့အတိုက်အခံလုပ်ပြီးတောင်
နင့်ကို ချစ်နိုင်တယ်ဆိုတာ.....
အဲ့တာကြောင့် ကျေးဇူးပြုပြီး
ငါ့ဆီကိုပြန်လာပေးလို့ရမလား

ဆုတောင်းတွေကမပြည့်တတ်ပေမယ့်
အနည်းဆုံးတော့ ငါ့ကိုနှစ်သိမ့်နိုင်တယ်နွယ်..
ဘုရားသခင်ကငါ့ကိုစိတ်ဆိုးနေတယ်ထင်ပါရ့ဲ
ငါ့ဆုတောင်းတွေကိုလျစ်လျူရှုထားတယ်ဟ

If We Love Again 🥀Where stories live. Discover now