Part 18(Zawgyi)
469 54 13
သင်္ကြန်အကျနေ့....။
ချွေးသံတရွှဲရွှဲဖြင့် နိုးထလာရသော မနက်ခင်းဖြစ်သည်။
အခန်းထဲသို့  အလင်းရောင် မဝင်သေးသောကြောင့် အရုဏ်တက်ချိန်ပင် ဖြစ်လိမ့်မည်ဟု ယူဆရလေသည်။ မီးခလုတ် ဖွင့်လိုက်ပြီး အချိန်ကို အတည်ပြုတော့ သုံးနာရီခွဲသာ ရှိသေးသည်ကို တွေ့ရသည်။
နိုးထရမည့် အချိန်မတန်သေးသော်လည်း အိပ်မက်ဆိုးများကြောင့် သူနိုးထလာရသည်။ ထို့နောက် သက်ပြင်းရှည်ကြီးတစ်ခုကို ရှိုက်ချရင်း နဖူးနှင့်လည်ပင်းပေါ်မှ ချွေးစတွေကို လက်ဖဝါးနှင့် ခပ်မြန်မြန်သုတ်ပစ်ရပါသည်။
အိပ်မပျော်ခင်အချိန်ကလေးအတွင်း တွေးမိသော အတွေးစများကို အိပ်မက်အဖြစ် မက်တတ်သည်ဟု သူကြားဖူးသည်။ ထို့်အပြင် မသိစိတ်ထဲမှ စွဲလမ်းမှုများကိုလည်း အိပ်မက်အဖြစ် မက်နိုင်သေးသည်တဲ့...။ ပထမတစ်ခေါက်တုန်းက စွဲလမ်းမှုကြောင့် မက်တဲ့အိပ်မက်မှာ ဒေါက်တာနိုင်းစစ်ရဲ့ အကြည့်စူးစူးရဲရဲများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ယခု တစ်ခေါက်မှာတော့ ဒေါက်တာနိုင်းစစ်က သလင်းနီကို ရွံမုန်းသော အကြည့်များဖြင့် ကြည့်ခဲ့လေသည်။
ကိုထွန်းမြင့်မော်ဆီမှ ကြားခဲ့ရသော စက်ဆုပ်ဖွယ် စကားလုံးများကိုလည်း ဒေါက်တာနိုင်းစစ်ထံမှ ကြားရသေးသည်။
"ဒီလိုမျိုးတွေကို မင်းကြိုက်တယ်မဟုတ်လား..." တဲ့...။
သလင်းနီက ခေါင်းခါပြတော့ အပြုံးပိုင်ရှင်က ခြောက်သွေ့စွာ ရယ်မောလေသည်။ "သူထင်နေသလို မဟုတ်ပါဘူး"ဆိုတဲ့ အကြောင်းကို ရှင်းပြချင်သော်လည်း အဲ့ဒီနေရာတွင် သလင်းနီတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ရတော့သည်။ ကျောခိုင်းသွားသော ပုဂ္ဂိုလ်ကို လှမ်းအော်ခေါ်ရင်း မျက်ရည်တွေပါ ကျခဲ့မိသည် ထင်သည်။ ထို့နောက်မှာတော့ မောမောပန်းပန်းဖြင့် နိုးထလာရခြင်းဖြစ်သည်။ အိပ်မက်ဆိုသော်လည်း လက်တွေ့ကဲ့သို့ တစ်ထပ်တည်း ခံစားရသောကြောင့် သူ့ရဲ့စိတ်ထဲတွင် အရမ်းကြောက်နေမိသည်။
တကယ်လို့သာ ဒေါက်တာနိုင်းစစ်က သူ့ကိုရွံရှာတဲ့
အကြည့်နဲ့ ကြည့်ပြီး သူမကြားချင်တဲ့ စကားမျိုးတွေကို ပြောလာခဲ့မယ်ဆိုရင် ဒီကမ္ဘာကြီးပေါ်မှာရှိနေတဲ့ သူ့ရဲ့ဖြစ်တည်မှု ကလေးလည်း လုံးဝ ပျောက်ကွယ်သွားနိုင်ပါတယ်....။
.
.
.
သလင်းနီသည် သက်ပြင်းတစ်ချချနှင့်ပင် အပြင်ထွက်လာခဲ့ရသည်။ ခါတိုင်းဆို အပေါ့၊အလေးကိစ္စကို ဖြေရှင်းရန် နှစ်ထပ်အိမ်ဆီသို့သာ သွားတတ်သော်လည်း နိုင်းစစ်နှင့် တည့်တည့်တိုးမည်စိုး၍ အဝေးကြီးအထိ လျှောက်လာခဲ့သည်။ အလင်းရောင် မထွက်သေးသော အချိန်ဖြစ်သဖြင့် ပတ်ဝန်းကျင်တွင် လူသူရှင်းနေသည်။