𝚆𝚑𝚢 𝚈𝚘𝚞'𝚛𝚎 𝚂𝚘 𝙲𝚞𝚝𝚎 𝙱𝚊𝚋𝚎!?

4K 438 17
                                    

(Zawgyi)

အခုနောက်ပိုင်းက ဆောင်းတွင်ဝင်လာလို့ထင်ပါရဲ့ မနက်ခင်းပိုင်းမှာတောင် အေးနေတာကိုခံစားရသည်။
Taehyungလဲ အချမ်းပြေအောင် ဖက်လုံးကြီးကို ခွပြီး ဖက်ချလိုက်သည်။ ထူးဆန်းတယ် ဒီဖက်လုံးက အဖုအထစ်တွေနဲ့ နွေးနွေးကြီး။

ဖက်ထားရင်းနဲ့မှ မသကာင်္တော့တာမို့ မျက်လုံးဖွင့်ကြည့်လိုက်တော့... အင်္ကျီမကပ်တဲ့ JungGukက သူ့ကိုဖက်ထားပြီးပြုံးပြုံးကြီးအိပ်နေတာကို မြင်လိုက်ရချိန်မှာ။

" အား!!! Byuntae ကောင်!!!''

အိပ်နေတဲ့ JungGukကို ဆောင့်ကန်ချလိုက်ခြင်းဖြစ်ပါတယ်။

" သေပါပြီ နာလိုက်တာ...''

ကုတင်အောက်မှာပြုတ်ကျတဲ့ JungGukက နာကြင်ဟန်နဲ့ လုပ်ပြလို့ သနားမယ်ကြံမိပေမဲ့ ကိုယ့်ကိုကို အရင် စောင်နဲ့ ပတ်ခြုံလိုက်ပြီး...။

" Byuntae ကောင် မင်းငါ့ကို ဘာလုပ်လိုက်ပြီလဲ!မင်းကကော ဘာလို့ငါအိမ်ရောက်နေတာလဲ!"

"Babe ဒါကိုယ့်အိမ်လေ သေချာကြည့်ပါအုံး''

JungGukပြောလာမှ Taehyung လဲ အခန်းတွင်းပြင်ဆင်ကိုပတ်လည်လှည့်ကြည့်လိုက်တော့ သူ့အိမ်မဟုတ်မှန်းသိလိုက်ရတာမို့ ငြိမ်နေမယ်ကြံလိုက်ပေမဲ့။

" ငါကဘာလို့ မင်းအိမ်ကိုရောက်နေရတာလဲ! မင်းအင်္ကျီလဲမပါဘူး မင်းငါ့ကို ဘာလုပ်လိုက်ပြီလဲ... အူးဝါး''

ကုတင်ပေါ်ကပြုတ်ကျပေမဲ့ အောက်မှာထိုင်ရက်ဆက်ပြီး ငိုက်နေတုန်း Taehyung ရဲ့ ငိုသံကိုကြားလိုက်ရတော့ ပြာပြာသလဲ ကုတင်ပေါ်တက်သွားပြီး။

"နေပါအုံး Babe ရယ်... ကိုယ်ပြောပြတာကိုနားထောင်ပါအုံး''

"papaသားလေးတော့ ကိုယ်ကျိုးနဲပါပြီ Byuntaeကောင် ယုတ်မာလွန်းတယ် အူးဝါး...''

ပြောတာကိုနားမထောင်ဘဲ ငိုမြဲငိုနေတဲ့ Taehyungကို ဖြစ်ချင်တာဖြစ်ပစေတော့လို့ ဆုံးဖြတ်ပြီး နှုတ်ခမ်းလေးကား ကောက်နမ်းလိုက်သည်။

နမ်းလိုက်တာနဲ့တစ်ပြိုက်နက် ငြိမ်ကျသွားတာကို အခွင့်ကောင်းယူပြီးမှ။

" Babe ညက မူးနေလို့ Babeအိမ်မှာလဲ လူမရှိဘူးပြောလို့ ကိုယ့်အိမ်ခေါ်လာတာ ကိုယ်အင်္ကျီချွတ်ထားတယ်ဆိုတာလဲ... ညကပူလို့ချွတ်ထားလိုက်တာပါ''

𝙱𝚢𝚞𝚗𝚝𝚊𝚎 𝙹𝙴𝙾𝙽( Completed )Where stories live. Discover now