𝙷𝙴𝙻𝙿 𝙼𝙴 𝙹𝚄𝙽𝙶𝙶𝚄𝙺!

4.6K 449 43
                                    

(Zawgyi)

ကျောင်းကိုရောက်လို့ အခန်းထဲဝင်ယုံရှိသေးတယ် Jimin နဲ့ Jihoon နှစ်ယောက် သူရှိရာကိုပြေးချလာပြီး ကိုယ်ပေါ်ကိုဖက်တက်နေကြသည်။
နှစ်ယောက်သားခွေးများလိုက်ဆွဲလို့လား... ။

စာသင်ခန်းထဲမှာရောက်နေတာကို ပြန်စဉ်းစားမိလို့ အတွေးကို ဖျောက်ပြီး ရှေ့ကိုကြည့်လိုက်တော့ JungGuk တစ်ယောက် စပ်ဖြီးဖြီးရုပ်နဲ့ အနားရောက်လာသည်။
ဖက်တက်နေကြတဲ့နှစ်ကောင်ကလဲ မဆင်းနိင်တော့ဘူးကိုယ်ပေါ်ကနေ....။

" Jimin နဲ့ Jihoon ငါပေါ်ကဆင်းတော့ လေးနေပြီ''

" မဆင်းနိုင်ဘူး JungGuk ငါတို့ကိုသတ်မှာ!''

အော်ကြီးဟစ်ကျယ်နဲ့ ကိုယ်ပေါ်ကနေအော်နေတဲ့ Jiminရယ် ဘေးကနေ ထောင်ခံနေတဲ့ Jihoonရယ် အတိုင်ဖောက်ကတော့ညီနေကြတာဘဲ။
ဟိုသတ္တဝါဘာလုပ်မယ်လို့ပြောလို့လဲတော့မသိဘူး။

" ဂျပုနဲ့ ကလေးမသာ နှသ်ယောက်လုံး ငါ့Babeပေါ်ကနေ ဆင်း!''

JungGuk ရဲ့ သွားကြားထဲက ထွက်လာတဲ့ လေသံကြားမှ နှစ်ယောက်လဲုး ကိုယ်ပေါ်ကနေ ဆင်းသွားပေမဲ့ ကျောအနောက်ဝင်ပုံးနေကြပြန်သည်။

" JungGuk ဒီနှစ်ကောင်ကို ဘာပြောထားလို့လဲ''

" ကိုယ် ဘားမှမပြောပါဘူး လာ... Babeအခုမှရောက်တာ မောနေတယ်မလား... ကိုယ် Strawberry Milk ဝယ်ထားတယ် လာလောက်လာ...''

လူအားအတင်းဆွဲကာ ခုံပေါ်ထိုင်ခိုင်းပြီး Strawberry Milk ဗူးကို အတင်းတွေထိုးပေးနေတာကြောင့်ကြည့်နေတုန်း ဟို Parkမျိုးနွယ်နှစ်ကောင်ကတော့ ဘယ်ရောက်သွားလဲတောင် မမြင်လိုက်ရ...။
ဘေးက JungGuk ကတော့ သူ့ရဲ့နေ့စဉ်တာဝန်ဖြစ်တဲ့ Taehyungကို ထိုင်ကြည့်ချင်းကို မပျက်မကွက်လုပ်ဆောင်နေပြန်သည်။

စာသင်ချိန်တွင်တော့ တက်ကြွလွန်းတဲ့ Taehyungက ခုံပေါ်ခေါင်းမှောက်တင်ပြီး စက်တော်ခေါ်နေသည်။
ဒါကိုဘေးက JungGuk ကလဲ ပြုံးပြုံးကြီးထိုင်ကြည့်နေသည်။
ဆရာတွေကတော့ ဒါကို အရေးတယူလုပ်ပြီး ပြောမနေတော့... မပြောရဲတာဆိုပိုမှန်မည်လေ။

" Babe ထတော့ မုန့်သွားစားမယ်''

မုန့်စားမယ်ဆိုမှ ထလာတယ် Taehyungပါလေ။
JungGukကတော့ သူ့ရှေ့က နှုတ်ခမ်းလေးထော်ကာ မျက်လုံးကို ပွတ်နေတဲ့ Taehyung Babeလေးကို အသည်းယားလွန်းစွာနဲ့ကြည့်ပြီး ဖုန်းထုတ်ကာ ဓာတ်ပုံတွေတစ်ပုံပြီးတစ်ပုံရိုက်နေသည်။

𝙱𝚢𝚞𝚗𝚝𝚊𝚎 𝙹𝙴𝙾𝙽( Completed )Where stories live. Discover now