ချစ်သည်ထက်ပို၍ချစ်သည် 25

598 63 10
                                    

မနက်ခင်းရဲ့နွေးထွေးတဲ့ရောင်ခြည်နဲ့အတူ ညီလာခံ ခန်းမထဲရှိ အမတ်များ၏ဆူညံများသည်  နန်းတွင်းထဲကိစ္စကြီးတစ်ခုဖြစ်နေသည်မှာ
ကျိန်းသေပေါက်ပင်

"ဘာတြွေဖစ်ကုန်တာလဲ"

"အခုချိန်မှာ ခေါ်ထားပြီးတစ်ယောက်ရောက် လာရှင်းပြရမှာမို့လား"

"မင်းကြီးကတကယ်ပဲထွက်သွားတာလား"

တစ်ယောက်မေးခွန်း တစ်ယောက်တွေးတောဖြေရင်းနဲ့ အလုပ်များနေကြသည့် ရှီလာနိုင်ငံရဲ့အမတ်ကြီးများ

"မယ်မယ်ကြီးYoo ကြွချီလာပါပြီ"
(အပိုင်း5မှာပါတဲ့ Chanyeol ရဲ့မိထွေးတော်ပါ)

"မယ်မယ်ကြီး မင်းကြီးက"

"အခုချိန် ငါကိုယ်တော်လည်းဘာမှသေသေချာချာမသိ
‌သေးအတွက် အတိအကျပြောကြားပေးဖို့ရန်ခက်ခဲတယ် "

"အဲ့ဒါဆိုလွတ်နေတဲ့မင်းကြီးနေရာက"

"အဲ့လိုမပြောပါနဲ့အမတ်ကြီးဖီး"

"မင်းကြီးထွက်သွားတာမှန်ကန်နေတာကြောင့် ရှင်ဘုရင်နေရာကတော့ လွတ်နေတာအမှန်ပါပဲ အမတ်ကြီးဆွန်း"

မှန်ကန်နေတဲ့အချက်အလက်တွေကြောင့် အမတ်ကြီးဖီးရဲ့စကားတွေကို အမတ်ကြီးဆွန်းပြန်ပြီးမချေပနိုင်ခဲ့

"လွတ်လပ်နေတဲ့ရှင်ဘုရင်နေရာအတွက် ဒီနေ့ဒီနေရာကိုလာခဲ့တာပါ"

"မင်းကြီးအမိန့်ကိုဖတ်ကြားခွင့်ပြုပါ မယ်မယ်"

"ကောင်းပါပြီ"

အမိန့်စာဖတ်ကြားပြီတာနဲ့ညီလာခံအတွင်းဆူညံနေတဲ့အသံများ ရပ်တန့်သွားကြသည်

"အမိန့်တော်အတိုင်း လွတ်လပ်နေတဲ့ ရှင်ဘုရင်နေရာကို မယ်မယ်ကြီး Yooအား လက်ခံပေးပါရန်"

ထင်မထားခဲ့သည့်အချိန်အနေကြောင့်
မယ်မယ်  Yoo ကြောင်အနေမိသည်

"အမတ်ကြီးအားလုံးလည်းသဘောတူပါသလား"

"သဘောတူပါတယ်"

"နောက်နှစ်ရက်နေရင်ထီးနန်းဆက်ခံပွဲကျင်းပ ပါမယ်"

"ကြေညာစရာတစ်ခုရှိပါသေးတယ် မင်းကြီးလည်း ထီးနန်းကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး မိဖုရား JiEun လည်း မင်းသမီး Yoo ကိုမိဖုရားနေရာလွှဲပြောင်းပေးအပ်ခဲ့ပါတယ် ဒီလောက်ပါပဲ"

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now