ချစ်သည်ထက်ပို၍ချစ်သည် 11

500 60 11
                                    

ပိုင်ဆိုက်ရမှအချစ်လို့ထင်ခဲ့ရပေမယ်နာကျင်တဲ့အခါစွန့်လွှတ်လိုက်လည်း အချစ်လို့အဓိပ္ပာယ်သတ်ရောက်တယ်မို့လား

☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️

မင်္ဂလာပွဲပြီးကတည်းက Baekhyun နဲ့မတွေ့ဖြစ်သည်မှာ တစ်ပတ်ခန့်လောက်ရှိသွားပြီ သူ့ဘက်ကလည်းလာမတွေ့သလို ကိုယ့်ဘက်ကလည်း သူစီသွားချင်းမရှိခဲ့ ဘယ်အရာကိုသဘောမကျမှန်းမသိ ဒီတစ်ပတ်အတွင်းမှာဒေါသထွက်ရသည်မှာလည်းအကြိမ်ကြိမ် ဘယ်အရာကိုစိတ်တိုနေမှန်းကိုမသိ တကယ်ဆိုချစ်ရတဲ့သူနဲ့လက်ထပ်ရလို့‌ပျော်‌နေရမှာကို မင်္ဂလာပွဲနေ့ကတည်းကမပျော်ရွှင်ခဲ့ ကိုယ်ဘာဖြစ်နေလဲဆိုတာတောင်သေချာမသိတော့

"မင်းကြီး မိဖုရား Jieun ရောက်လာပါတယ်"

"၀င်ခိုင်းလိုက်"

တစ်ပတ်အတွင်းမှာဖြစ်ပျက်သွားတဲ့အရာတွေအများကြီးပင် JiEunဆိုတာ ကျွန်တော့်ချစ်ရတဲ့ကောင်မလေး ညနေဆည်းဆာချိန်မှာခဏတာတွေ့ဆုံခဲ့ရပေမယ့် မြင်မြင်ချင်းအချစ်လို့လူတွေပြောတဲ့ အချစ်ဆိုတဲ့အရာနဲ့ချစ်မြတ်နိုးခဲ့သည် ချစ်လွန်းလို့ သူမကို မိဖုရားနေရာပေးမိသည်အထိပင် ထိုအချိန်ဆို Byun Baekhyunတို့ပေါက်ကွဲမယ်ထင်ခဲ့တာ ဂုဏ်ပြုဖို့လာသည်အထိကျွန်တော်မယုံကြည်ခဲ့ အတွေးပေါင်းစုံတွေးနေတာကြောင့် သူမခေါ်နေတာပင်မကြား အနားရောက်လာပြီး ၀တ်ရုံတော်ကိုလုပ်ခါမှသတိပြန်ကပ်မိသည်

"မင်းကြီး မင်းကြီး"

"အင်  အင်းပြောလေ JiEun နှစ်ယောက်ထဲရှိတဲ့အချိန်တွေဆို မင်းကြီးလို့မခေါ်ပါနဲ့ နာမည်ပဲခေါ်ပါ JiEunရယ်"

"အမိန့်တိုင်းပါ"

ပြုံးပြီးပြောလာသည့်သူမ အပြုံးတွေကအပြစ်ကင်းစင်ပြီ ချစ်ဖို့ကောင်းသည် ရုပ်တရပ်မြင်ယောင်မိသည့်အပြုံး မိန်းကလေးမဟုတ်ပဲနဲ့တောင် သူ့အပြုံးကလှပလွန်းသည် အပြစ်ကင်းစင်သည် JiEunရှေ့ထားပြီး Baekhyunအကြောင်းတွေးနေတာ သတိထားမိမှ အသိတို့ကိုပြန်စုစည်းရသည်

"Chanခွင့်ပြုမယ်မို့လား"

"ဟမ် ဘာကိုပြောလိုက်တာလည်း ကိုမကြားလိုက်လို့ပါ"

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now