( Song suggest : Kimino nawa ost )
ပိတ်ထားတဲ့ ပြတင်းပေါက်က ခန်းဆီးလိုက်ကာ စလေးဟာ ငြိမ်သက်နေတယ် .
တံခါးမကြီးမှာ ခတ်ထားတဲ့ ငွေရောင်သော့ခလောက်ကလည်း ခိုင်ခိုင်မာမာ ။
ယိပေါ် လှေကားထစ်လေးမှာ ထိုင်ပြီး ကိုကို့အိမ်ကို ငေးနေခဲ့မိတယ် ..
ကိုကို မရှိတော့ ပန်းပင်တွေကို ဘယ်သူကြည့်မှာလဲ ~
မျက်ရည်တွေက မျက်လုံးအိမ်ထဲမှာ အပြည့် ။
ကိုကိုက ဘာလို့ ဒီလို လုပ်ရက်ရတာလဲ ။
သူ့ကို တစ်ခွန်းတောင် မပြောခဲ့ပဲနဲ့ ၊ နှုတ်ဆက်စကားလေးတောင် မထားခဲ့ပဲနဲ့လေ ။
ကိုကို့ ဘေးအိမ်က အန်တီကြီးပြောတဲ့ မနက် လေးနာရီလောက်ကြီး ပြောင်းသွားကြတာ .. ဆိုတဲ့ စကားက ယိပေါ် ခေါင်းထဲမှာ ခဏခဏ ပြန်ပေါ်နေတယ်.
ကိုကို မနေ့က အိမ်လည်ခေါ်ခဲ့တာ အဲဒါကြောင့်လား ?
နမ်းခဲ့တာရော အဲဒါကြောင့်ပဲလား ?
ကိုကိုတို့ သွားတော့မှာ မို့လို့လေ ?
သူ မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ် ..
ကိုကိုကလည်း .. နောက်နေတာ မဟုတ်ဘူးလား
ကျွန်တော် ကိုကို မကြိုက်တာတွေ မလုပ်တော့ပါဘူး၊ ဆေးလိပ်လည်း မသောက်တော့ဘူးလေ
အဲ့လိုကြီးတော့ မနောက်ပါနဲ့ ...စိတ်ထဲမှာသာ ဗြောင်းဆန်နေခဲ့ပေမယ့် ယိပေါ်ဟာ အပြင်မှာ ဆိတ်ဆိတ်ငြိမ်ငြိမ်လေး နာကျင်နေခဲ့ရတယ် ။
သနားစရာ ကောင်လေးဟာ ကိုကိုက နောက်နေတာ၊ ပြန်လာမှာ ဆိုတဲ့ အသိနဲ့ ညနေ နေစောင်း တဲ့အထိ မလှုပ်မယှက် ငူငူကြီး ထိုင်နေခဲ့တယ် .
ကိုကို ပြန်လာရင် မနှုတ်ဆက်ပဲ ထွက်သွားတဲ့အတွက် အပြစ်တင်မယ်ဆိုတဲ့ စိတ်နဲ့ ..
နာရီလက်တံတွေဟာ တရွေ့ရွေ့ လည်ပတ်တယ် ။
နေ့လည် 2:00 ~
နေ့လည် 3:30 ~
~
ညနေ 5:00 ~