*********************
" လာလီဆာ အခုထွက်ခဲ့ "
စားပွဲခုံကိုလက်ဝါးနဲ့ရိုက်ကာအော်လိုက်တော့စားပွဲခုံအောက်ကနေကုန်းကုန်းကွကွနဲ့ထွက်လာပြီးမျက်နှာငယ်လေးနဲ့သူမရှေ့မှာလာရပ်တဲ့ လာလီဆာမာနိုဘန် ...။
ဒီကောင်မလေး သေချာမှာခဲ့ရက်နဲ့ခိုးလုပ်တာကိုတွေးမိတော့ယောင်းမျက်နှာမှာပို၍ တင်းခနဲဖြစ်သွားသည် ။
ယောင်းမျက်နှာတင်းသွားတာမြင်တော့လီဆာမျက်နှာလေးပိုငယ်သွားတယ် ။
" ယောင်း .. ဟို .. "
" ပြန်မယ် "
ဘာပဲဖြစ်ဖြစ်ပြဿနာကိုလူကြားထဲမရှင်းချင်တာမို့အတူလာခဲ့တဲ့လုပ်ဖော်ကိုင်ဖက် အစ်မကိုတောင်းပန်ပြီးရှေ့ကနေဘောက်ဆတ်ဘောက်ဆတ်နဲ့ထွက်လာခဲ့တော့အနှီကလေးမကနောက်ကနေကုပ်ကုပ်လေးပါလာ၏။
" အဲ့ချီးထုပ်ကလေ အမြဲငါတို့ကိုမကောင်းဖြစ်အောင်လုပ်တယ် 😢 "
အစ်မချယ်ယောင်းနဲ့လီဆာတို့ထွက်သွားတော့သက်ပြင်းကိုချရင်းဆိုလိုက်တဲ့ဂျီဆူးစကားကိုကြားေတာ့ ဂျင်းနီမျက်ခုံးပင့်ပြီးပြန်မေးလိုက်တယ် ။
" ငါတို့ကရောကောင်းလို့လား "
နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ပြိုင်တူပြောလိုက်ကြတယ် 😟 .. ။
" ကောင်းတယ် အရမ်း "
" ဟားဟားဟားဟား "
နှစ်ယောက်သားခွက်ထိုးခွက်လန်ရယ်နေတာကိုကြည်ပြီး မင်ဆော့တစ်ေယာက်ဘာမှနားမလည်လိုက်ဟန်ဖြင့်သာ။
" အဲ့တာကဘယ်သူလဲ အတော်ချောတယ်နော် လီဆာအစ်မလား "
" အစ်မ...မဟုတ်ဘူး "
မင်ဆော့အမေးကို ဂျင်းနီဖြေလိုက်တော့ဂျီဆူးလဲဝင်ထောက်ခံလိုက်တယ် ။
" ဟုတ်တယ် "
" မိန်းမ လီဆာ့အမျိုးသမီး "
" Yeah !! "
" ဆွံအ မနေနဲ့ ဒါကဘယ်ခေတ်မလို့လဲ
စား..ပြီးရင်ပြန်မယ် "