1

3.6K 216 32
                                    

                     
            

*****************

" ဝှါး ....  "

မနက်​ခင်းတစ်ခုကိုအစပြုလိုက်​တဲ့
သန်း​ဝေသံတစ်​ခု .... ။

အခန်းတွင်းရှိကုတင်​ပေါ်တွင်အိပ်​နေ​
သော​​ကောင်​မ​လေးနှစ်​ယောက်​မှာ
တစ်​ယောက်​ကတွန့်လိန်ကာပျင်း​ကြော
ပေါင်းစုံဆန့်ရင်းနိုးလာသည် ။

ထို့နောက်​ သူမရဲ့ဘေးမှာမနိုးသေး
တဲ့​ ကောင်​မ​လေးကို​ဘေး​စောင်းလေး
ကကြည့်လိုက်ရင်းမြတ်နိုးမဝစွာဖြင့်နဖူး​
လေးကိုနမ်းလိုက်​တယ်​..။

" လီလီ .. "

ငြင်​သာလွန်းတဲ့အသံနဲ့ခေါ်လိုက်တယ်။

တစ်​ခါ​ခေါ်တယ်​ ... နှစ်ခါခေါ်တယ်
ဘေးကကောင်မလေးမှာ မလှုပ်​သေး...။

" ထ​တော့..မိုးလင်းပြီ "

ပြောကာမှပင် သူမက​စောင်​ကို​တောင်​ထပ်​
ဆွဲခြုံပြီးကွေးလိုက်​သေးသည် ။

" ဟေး ထ​တော့လို့​ပြော​နေတယ်​နော်​ "

နည်းနည်း‌မဆိုသလောက်လေး အသံမာ
လိုက်တော့မှ အိပ်ရေးမဝသေးသလို အင်း
အဲ အသံစုံပြုပြီးလှုပ်​လာတယ် အဲ့ဒီနောက်
မျက်​လုံးပင်မဖွင့်​သေးပဲရန်ထောင်လာပါသည် ။

" အာ ... ခင်​ဗျားကလဲကကိုယ့်ဘာကိုယ်​
ထသွားပါလား လီလီမထချင်​သေးဘူး.."

အင်း သူစိတ်မကြည်ရင် လူကိုခင်ဗျားတဲ့။

" ထကွာ..ပြီးရင်​အလုပ်​သွားရဦးမှာကို
​နေ့တိုင်းမင်းကိုမျက်​နှာသစ်​ပေးမနက်​စာ​
ကျွေးပြီးမှ သွားတတ်​တာသိသားနဲ့..
လာပါ..​နော်​ "

သည်တော့မှ​စောင်​ပုံထဲက​နေတွန့်​
လိမ်​တွန့်လိမ်နဲ့လှုပ်ရွလာသည်။

ပျင်း​ကြော​ပေါင်းစုံဆန့်​ပြီးလက်​နှစ်​ဖက်​
ကိုဆန့်တန်း​ပေးတယ် ။

သူ့ကိုထူပါပေါ့ ...။

" အိုင်းဂူး .. ငပျင်း​စုတ်လေး "

ဆွဲထူပြီး​ခေါ်လာတော့ရေချိုခန်းထဲ​ရောက်​
တဲ့အထိ ကိုယ်ပေါ်ကိုမှီပြီးလိုက်​လာတာ
မျက်လုံးကိုသေချာမဖွင့်..။

To begin with youWo Geschichten leben. Entdecke jetzt