*****************
" ဝှါး .... "
မနက်ခင်းတစ်ခုကိုအစပြုလိုက်တဲ့
သန်းဝေသံတစ်ခု .... ။အခန်းတွင်းရှိကုတင်ပေါ်တွင်အိပ်နေ
သောကောင်မလေးနှစ်ယောက်မှာ
တစ်ယောက်ကတွန့်လိန်ကာပျင်းကြော
ပေါင်းစုံဆန့်ရင်းနိုးလာသည် ။ထို့နောက် သူမရဲ့ဘေးမှာမနိုးသေး
တဲ့ ကောင်မလေးကိုဘေးစောင်းလေး
ကကြည့်လိုက်ရင်းမြတ်နိုးမဝစွာဖြင့်နဖူး
လေးကိုနမ်းလိုက်တယ်..။" လီလီ .. "
ငြင်သာလွန်းတဲ့အသံနဲ့ခေါ်လိုက်တယ်။
တစ်ခါခေါ်တယ် ... နှစ်ခါခေါ်တယ်
ဘေးကကောင်မလေးမှာ မလှုပ်သေး...။" ထတော့..မိုးလင်းပြီ "
ပြောကာမှပင် သူမကစောင်ကိုတောင်ထပ်
ဆွဲခြုံပြီးကွေးလိုက်သေးသည် ။" ဟေး ထတော့လို့ပြောနေတယ်နော် "
နည်းနည်းမဆိုသလောက်လေး အသံမာ
လိုက်တော့မှ အိပ်ရေးမဝသေးသလို အင်း
အဲ အသံစုံပြုပြီးလှုပ်လာတယ် အဲ့ဒီနောက်
မျက်လုံးပင်မဖွင့်သေးပဲရန်ထောင်လာပါသည် ။" အာ ... ခင်ဗျားကလဲကကိုယ့်ဘာကိုယ်
ထသွားပါလား လီလီမထချင်သေးဘူး.."အင်း သူစိတ်မကြည်ရင် လူကိုခင်ဗျားတဲ့။
" ထကွာ..ပြီးရင်အလုပ်သွားရဦးမှာကို
နေ့တိုင်းမင်းကိုမျက်နှာသစ်ပေးမနက်စာ
ကျွေးပြီးမှ သွားတတ်တာသိသားနဲ့..
လာပါ..နော် "သည်တော့မှစောင်ပုံထဲကနေတွန့်
လိမ်တွန့်လိမ်နဲ့လှုပ်ရွလာသည်။ပျင်းကြောပေါင်းစုံဆန့်ပြီးလက်နှစ်ဖက်
ကိုဆန့်တန်းပေးတယ် ။သူ့ကိုထူပါပေါ့ ...။
" အိုင်းဂူး .. ငပျင်းစုတ်လေး "
ဆွဲထူပြီးခေါ်လာတော့ရေချိုခန်းထဲရောက်
တဲ့အထိ ကိုယ်ပေါ်ကိုမှီပြီးလိုက်လာတာ
မျက်လုံးကိုသေချာမဖွင့်..။
![](https://img.wattpad.com/cover/138231222-288-k807637.jpg)