CHAPTER 18

210 31 2
                                    

Shangang ရွာတွင်

Su Aijun နဲ့ Zhou Yin တို့က အိမ်မှာ မြေပဲအခွံခွာနေလေသည်။ အခုက နွေရာသီရဲ့ လယ်စိုက်သည့် ရာသီ ဖြစ်တယ် ပြီးတော့ မိသားစုက အလုပ်လုပ်နိုင်တဲ့ လူတွေက လယ်ထဲမှာ အလုပ်သွားလုပ်နေကြပြီး သူတို့နှစ်ယောက်ပဲ အိမ်မှာ ကျန်ခဲ့လေသည်။

Su Aijun နဲ့ Zhou Yin သူတို့နှစ်ယောက်က လယ်ထဲမှာ အလုပ်လုပ်ဖို့ မလိုပေမယ့် သူတို့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။

အတွေ့အကြုံရှိသည့် လယ်သမားတွေ ဖြစ်သည့် သူတို့နှစ်ယောက်က အချိန်ခဏလေးနဲ့ မြေပဲတစ်တောင်း အခွံခွာပြီးလေပြီ ဖြစ်သည်။

Su Aijun က မတ်တပ်ထရပ်ပြီး အကြောဆန့်တော့မည့် အချိန်မှာ သူမက ခြံရှေ့ ဂိတ်ကနေ စက်ဘီး ဘဲလ်သံကို ကြားလိုက်ရလေသည်။
" တစ်ယောက်ယောက် အိမ်မှာရှိလား?"
စာပို့သမားက ခေါ်လိုက်လေသည်။

Su Aijun က သူ့ကို အမြန်ထွက် သွားတွေ့ပြီး
" ရှိတယ် ၊ ငါတို့ ရှိတယ်"
စာပို့သမားက စက်ဘီပေါ်ကဆင်းပြီးတော့ နောက်ခုံပေါ်က အထုပ်တွေကို လှန်လှောရှာဖွေပြီးတော့ Su Aijun ကို စာနဲ့ အထုပ်ကြီးတစ်ထုပ်ကို ကမ်းပေးလိုက်သည်။
" ဒီမှာ မင်းရဲ့ စာနဲ့ အထုပ်"

Su Aijun က အထုပ်တွေကို ယူလိုက်ပြီးတော့ အထဲပြန်မ၀င်ခင် စာပို့သမားကို ကျေးဇူးတင်လိုက်လေသည်။

Zhou Yin က သူမက ဘယ်လက်မှာ စာနဲ့ ညာလက်မှာ အထုပ်တွေ ကိုင်ထားတာကို တွေ့ပြီးတော့ မနေနိုင်ဘဲ သရော်လိုက်သည်။
" Ju Ju က နင့်ကို တစ်ခုခု ထပ်ပို့ပြန်ပြီ ဒါပေမယ့် အခုက သူ့ရဲ့ပုံမှန် လစာထုတ်ရက်လည်း မဟုတ်သေးဘူးမလား?"

Jun က အနောက်ပိုင်းနယ်စပ်ဒေသက စပ်တပ်မှာ
တာ၀န် ထမ်းဆောင်နေပြီးတော့ သူရဲ့လစာကို အချိန်တိုင်း သံပတ်လို Su Aijun ကို ပို့လေ့ရှိတယ်။

Su Aijun က တခစ်ခစ်ရယ်လိုက်ပြီး Zhou Yin ရဲ့ ထင်မြင်ချက်ကို မတုံ့ပြန်ဘူး။ သူမလည်း ရှုပ်ထွေးနေပြီးတော့ အခု Ning Jun ရဲ့ လစာပို့ရမယ့် အချိန်မရောက်သေးဘူး။ ပြီးတော့ သူက ပုံမှန်ဆိုရင် ငွေသွင်းလွှာ ပါတဲ့ စာအိတ်ပဲ ပို့လေရှိတယ်။ သူက ဒီလို အထုပ်အကြီးကြီးပို့ဖို့ ဆိုတာ ပုံမှန်မဟုတ်ဘူး။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးOù les histoires vivent. Découvrez maintenant