CHAPTER 3

276 29 1
                                    

Ning Weidangရဲ့အိမ်ခန်းထဲမှာ
Ning Weidang၊ Zhou Yin၊ Ning Xue နဲ့ Ning De တို့ စားပွဲခုံမှာ ထိုင်နေကြသည်။
ကွေ့ဝိုက်ပြီးပြောမနေဘဲနဲ့ Zhou Yin ဟာ Ning Xue ကို တိုက်ရိုက်ပဲမေးလိုက်လေသည်။
"Shen Lie နဲ့ Su Junyan နှစ်ယောက်ထဲက ဘယ်သူ့ကို သမီး ကြိုက်လဲ"
Ning Xue က တစ်ကြိမ်လက်ထပ်ထားသော်လည်း Zhou Yin ကမေးလာသောအခါ သူမ မရှက်ဘဲမ‌နေနိုင်ဘဲ မျက်နှာကနီရဲလာ‌သည်။
သူမက စကားထစ်ကာ " အမေ့ သမီးကို ဘာလို့မေးနေတာလဲ။ သမီး ဘာပြောရမလဲ မသိဘူး"
Ning De က သူရဲ့ခေါင်းကို လက်တစ်ဖက်နဲ့ထောက်ထားပြီး မျက်ခွံတွေက တစ်၀က်ပိတ် တစ်၀က်ဖွင့်ထားလေသည်။
"အစ်မ၊ တွန့်ဆုတ်မနေနဲ့ မြန်မြန်ပြောဖို့ အစ်မကို ကျွန်တော် တောင်းပန်တယ်။ကျွန်တော် အိပ်ဖို့ အမြန်လိုတယ်။ကျွန်တော့် အခန်းကို အစ်ကို Shen နဲ့ အစ်ကို Su ကိုပေးလိုက်လို့ ကျွန်တော် အဖေ့ အခန်းရဲ့ အခန်းကြမ်းပြင်မှာ အိပ်ရဦးမှာ"
Ning Weidang ကပြောလိုက်သည်မှာ
"တပ်မတော် အစီရင်ခံစာမှာလည်း သူတို့ နှစ်ယောက်ရဲ့ အခြေအနေကို သေချာဖော်ပြထားတယ်။Shen Lie နဲ့ Su Junyan နှစ်ယောက်လုံးက အရင်တုန်းက လက်ထပ်ဖူးတယ်။
Shen Lie ရဲ့ အရင်မိန်းမက ကွယ်လွန်သွားပြီးတော့ ကလေးသုံးယောက် အိမ်မှာကျန်ခဲ့တယ်၊
နှစ်ယောက်က ယောင်္ကျားလေးနဲ့ တစ်ယောက်က မိန်းကလေး။ Su Junyan က သူ့အရင်မိန်းမနဲ့ ကွာရှင်းပြီးတော့ အမွှာသားနှစ်ယောက်ကို သူ့ဘာသာ ပျိုးထောင်နေတယ်။"
Zhou Yin က ပြောလိုက်သည်မှာ
"သမီးက သူတို့နှစ်ယောက်လုံးနဲ့ အချိန်ကုန်ခဲ့တာပဲ။
ဘယ်တစ်ယောက်က သမီးနဲ့သင့်တော်တယ်ထင်လဲ။ အမေ သူတို့ကို မနက်ဖြန်ပြောလိုက်မယ်။"
Ning Xue ဟာ သူမရဲ့စိတ်ကို မဆုံးဖြတ်ရသေးဘူး။ ရာထူးအနေနဲ့ဆိုရင် Shen Lie က ပိုမြင့်တယ်၊ တပ်ရင်းမှူး အနေနဲ့ အဲ့အချိန်မှာ
Su Junyan ဟာ ထောက်ပံ့ပို့ဆောင်ရေးအရာရှိ၊
အဲ့ဒါက ဒုတပ်ခွဲမှူးနဲ့ ညီလေသည်။ ဒါ့အပြင်
အသက်မွေး၀မ်းကြောင်း တိုးတက်မှုဆိုရင်
Shen Lie မှာ ပိုသေချာတဲ့ အနာဂတ်ရှိလေ၏။
ဒါပေမယ့် ရုပ်ရည်နဲ့ စကားပြောတာကို ကြည့်မယ်ဆိုရင် Su Junyan က Shen Lie ထက်ပိုပြီး နှစ်သက်ဖွယ် ကောင်းလေသည်။
Ning Xue က တွန့်ဆုတ်ပြီး မေးလိုက်သည်
" အမေ ၊အမေ ဘယ်လိုထင်လဲ"
Zhou Yin က ခဏတွေးလိုက်ပြီး ပြောလိုက်‌လေ သည်"သမီးက အမေ့ကိုရွေးခိုင်းမယ်ဆိုရင် အမေက ရဲဘော်Su ကိုရွေးမယ် ။ နောက်ဆုံးတော့
ကိစ္စတွေကို ကိုင်တွယ်ရာမှာ Su Junyan က တော်ပြီးတော့ Shen Lie က သစ်သားချောင်းလို၊စကားကိုသေချာမပြောနိုင်ဘူး။ သူက စစ်တပ်ထဲမှာဆိုရင် ဘယ်လိုလုပ် အလားလာရှိမှာလဲ "
Ning Xue ဟာ သူမရဲ့နှုတ်ခမ်းကို ကိုက်ပြီး
" ဒါပေမယ့် သူက ရာထူးနိမ့်တယ် ပြီးတော့ 
ထောက်ပံ့ပို့ဆောင်ရေးမှာလည်း တာ၀န်ထမ်း‌ဆောင်တယ် ဆိုလိုတာက သူက Shen Lie ထက် လစာပိုနည်းတယ်"
Zhou Yin က သူမရဲ့ပေါင်ကို ရိုက်ပြီး ပြောလာသည်။ "အဲ့ဒါကတော့ သမီးမှားတယ် ထောက်ပံ့ပို့ဆောင်ရေးမှာ တာ၀န်ထမ်း‌ဆောင်တယ်ဆိုတာ ကောင်းတယ်။အဲ့မှာက ပိုက်ဆံ ပိုရတယ်။နိုင်ငံတော်ပိုင်စားသောက်ဆိုင်မှာ လုပ်နေတဲ့ ခေါင်းဆောင်စားဖိုမှူးတွေကိုပဲကြည့်လိုက် သူတို့ အကုန်လုံး
ဆီစားပြီး ရေသောက်ကြတယ်၊၊ ထပ်ပြောရရင်ထောက်ပံ့ပို့ဆောင်ရေး ၀န်ထမ်းက တိုက်ပွဲထဲမသွားရဘူး၊အဲ့ဒါက ပိုပြီးအန္တရာယ်ကင်းတယ်။ အခု
တောင်ပိုင်းတရုတ်ပင်လယ်က မနားရဘူး ပြီးတော့ စစ်ပွဲက မကြာခင် ဖြစ်ပွားနိုင်တယ်။ Shen Lie က တပ်ရင်းမှူး၊သူက ပထမဆုံး သွားရလိမ့်မယ်။
သမီး သူ့ကို လက်ထပ်လိုက်ရင် အချိန်မရွေး မုဆိုးမ ဖြစ်သွားနိုင်တယ်။"
Ning De က ကြားဖြတ်ပြောလိုက်လေသည်။
" သူက စစ်ပွဲထဲ သွားဖို့ရှိမရှိ ၊ အဲ့ဒါက ကိစ္စ မဟုတ်ဘူး။ဒါပေမယ့် အကျိုးကျေးဇူးပို‌များတာကတော့ သေချာတယ်။  ခန်းဝင်ပစ္စည်း ပေးတာက Su Junyan က Shen Lie ထပ် ပိုများတယ်။၃၀၀ ယွမ်က  Shen ပေးတဲ့ ၂၀၀ ယွမ် နဲ့နှိုင်းယှဉ်ရင် ၁၀၀ ယွမ် ပိုများတယ်။"
Zhou Yin က သူရဲ့ အငယ်ဆုံးသားရဲ့ခေါင်းကို ပုတ်လိုက်ပြီး ပြောလိုက်လေသည်။
" တွေ့လား၊ သမီးရဲ့မောင်ကတောင် အဲ့ဒါကို သိတယ် "
Ning De က သူရဲ့ နှုတ်ခမ်းကို ဖိလိုက်လေသည်။
သူအဲ့ဒီလို ဆိုလိုတာမဟုတ်ဘူး ဒါပေမယ့် သူ မျက်နှာချင်းဆိုင် Zhou Yin ရဲ့စကားကို မငြင်းရဲဘူး။
Ning Xue ဟာ Ning Weidang နဲ့
Zhou Yin ရဲ့စကားတွေကို သေချာဂရုစိုက်ကာ
စဉ်းစားပြီးတော့ Su Junyan နဲ့ Shen Lie တို့ရဲ့ စကားနဲ့အပြုအမူတို့ကို ပြန်တွေးလိုက်လေသည်။သူမ နောက်ဆုံးတော့ သူမစိတ်ကို ဆုံးဖြတ်လိုက်လေသည်။
" ဒါဆိုရင်တော့ အဲ့ဒါ Su Junyan ပဲ"
သူမရဲ့ ကိုယ်ပိုင်အမြင်မှာ Su Junyan က
Shen Lie ထက် ပိုကောင်းလေသည်။
Zhou Yin ဟာ နောက်ဆုံးတော့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။
" အဲ့ဒါ‌ ကောင်းတယ် "
Ning Weidang ဟာ မီးခိုးကွင်းကို မှုတ်ထုတ်လိုက်ပြီး သူ့ရဲ့ ဆေးလိပ်တံကို ပြတင်းပေါက်မှာ
ခေါက် လိုက်လေသည်။
" အဲ့ဒီ့ ကိစ္စအတွက် မင်းရဲ့အမြင် ကို မရေတွက်ဘူး။ ငါတို့တွေ အကြီးဆုံးအစ်ကို ၊အကြီးဆုံးမရီး
နဲ့ Ning Tang တို့ ‌ရွေးတာကို ကြည့်ဖို့လိုတယ်။
နောက်ဆုံးတော့ ရဲဘော် Shen နဲ့ ရဲဘော် Su က Ning Tang ရဲ့အစ်ကိုရင်းက မိတ်ဆက်ပေးထားတာ။ Ning Tang က ရဲဘော် Su ကို ရွေးခဲ့မယ်ဆိုရင် ငါတို့က သူမနဲ့ ပြိုင်ရွေးလို့မရဘူး"
Ning De က ဖြတ်ပြောလိုက်သည်။
" ရဲဘော် Su က ကျွန်တော့်အစ်မကို မကြိုက်ရင် ဘယ်လိုလုပ်မလဲ "
Zhou Yin ဟာ သူမရဲ့မျက်လုံးကို လှိမ့် လိုက်ပြီး
" သူက ဘယ်လိုလုပ် မကြိုက်ဘဲနေမှာလဲ။
Su Junyan က မင်းအစ်မနဲ့ အရမ်းစိတ်လှုပ်ရှားပြီး စကားပြောနေတာကို Ning Tang ကတော့ သူ့ကို အကြည့်လေးတစ်ချက်တောင် မပေးဘူး။
အဲ့ဒါက သိသာတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလား။
အစားအသောက်တွေ ချပေးတဲ့အချိန်မှာ
Su Junyan က ဘာပြောလဲ။
' Ning Xue မင်း ချက်ပြုတ်တာက အရမ်းစားကောင်းတယ်။ မင်းကို လက်ထပ်တဲ့လူကတော့ ကံကောင်းတာပဲ ' ဒါက လက်တွေ့ကျတဲ့ ဖော်ပြချက်ပဲ "
ဒါပေမယ့် Ning Weidang ရဲ့ စကားလုံးတွေကလည်း Zhou Yin ရဲ့ နားထဲ၀င်လာလေသည်။
သူမက ထရပ်ကာ သူမလက်ကို တင်ပါးပေါ်မှာတင်ပြီး အော်လိုက်လေသည်။
" သူက Ning Jun မိတ်ဆက်ပေးထားတဲ့ သူဖြစ်လဲဘာဖြစ်လဲ။ ငါဂရုမစိုက်ဘူး၊ Su Junyan က ငါတို့ Ning Xue ကို ကြိုက်ပြီး Ning Xue က
Su Junyan ကို ကြိုက်တယ်ဆိုရင် သူတို့ကို ဘယ်သူကမှ ခွဲလို့မရဘူး။"
Zhou Yin နဲ့ ငြင်းမဲ့အစား ပါတီမှာပဲ အလုပ်သွားလုပ်တော့မယ်။Ning Weidang ရင်ထဲမှာ တိတ်တိတ်လေးပဲ ဆုတောင်းနေလိုက်တော့တယ်။Ning Xue နဲ့ Su Junyan က အတူတူရှိပြီး Ning Tang နဲ့ Shen Lie က အတူတူရှိသွားမယ်ဆိုရင် အဲ့ဒါပိုကောင်းလိမ့်မယ်။အဲ့ဒါဆို ပြည့်စုံသွားပြီ။
အဲ့ဒီအချိန်မှာ Ning Weiguo ရဲ့ အိမ်ခန်းထဲတွင် ဖြစ်သည်။
မြောက်ပိုင်း Shangang ရွာတွင် မေလတောင်မှ
ရာသီဥုတုက အခုထိ လုံးလုံးမနွေးသေးဘူး။
Su Aijun ဟာ မီးဖို ကို အိမ်ထဲ ရွေ့လိုက်ပြီး
ကန်စွန်းဥ နှစ်လုံးကို မီးဖို‌ပေါ် တင်လိုက်လေသည်။
" သမီး ညစာအတွက်စားတာ မ၀ဘူးမလား။ ၀လား"
Ning Tang ဟာ သူမရဲ့ လျှာကိုထုတ်လိုက်ပြီး
"ဟင့်အင်း၊ သမီး မ၀ဘူး"
နောက်ဆုံးတော့ အဲ့ဒါက မျက်မမြင်တွေ့ဆုံပွဲပဲလေ
ဘယ်သူက စားဖို့ တစ်ခုတည်း အာရုံစိုက်နိုင်မှာလဲ။
Ning Weiguo က ရယ်ပြီး ကျိန်ဆဲ လိုက်လေသည်။" မင်း ခေါင်းမာတဲ့ ကောင်မလေး အဲ့ဒါကို ဘာဖြစ်လို့ အစောကြီးက မပြောတာလဲ။အဖေ သမီးအမေကို သမီးအတွက် ခေါက်ဆွဲ တစ်ပန်းကန်လောက် လုပ်ခိုင်းလိုက်မှာပေါ့။ဒါဆို သမီးရဲ့ အစာအိမ်ကို ကန်စွန်းဥနဲ့ ဖြည့်စရာ လိုတော့မှာမဟုတ်ဘူး"
Ning Tang ဟာ မီးဖိုပေါ်က ကန်စွန်းဥကို
မီးညှပ်တွေနဲ့ ထိုးနေပြီး " အဲ့ဒါက အဆင်ပြေပါတယ် ၊ကန်စွန်းဥကလည်း အရသာရှိပါတယ် "
Ning Weiguo နဲ့ Su Aijun ဟာ
တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးတော့ သက်ပြင်းချလိုက်လေသည်။ သူတို့ဟာ သူတို့ သမီး အကြောင်းအသိဆုံး ဖြစ်လေသည်။ Ning Tang ကို ပန်းတစ်ပွင့်လို ပြုစုပျိုးထောင်ပေးခဲ့ပြီး သူမရဲ့ အ၀တ်အစားတွေနဲ့ အစားအသောက်တွေ ဟာ Ning မိသားစုမှာ အကောင်းဆုံးနီးပါးဖြစ်လေသည်။
Ning Weiguo မှာ သမီးတစ်ယောက်ပဲရှိပြီးတော့ သူမှာ မျိုးဆက်ဟောင်းတွေလို သမီး‌တွေ ထက် သား‌တွေကို ပိုတန်ဖိုးထားတဲ့ အတွေးမရှိဘူး။
သူရဲ့ အရိုးတွေကထိ Ning Tang ကို အမှန်တကယ် ချစ်‌လေ၏။
Ning Tang ဟာ အခု အသက် ၂၄ နှစ်ရှိသွားပြီ ပြီးတော့
လွန်ခဲ့တဲ့ နှစ်တွေမှာ လက်ထပ် အဆိုပြုဖို့ Shangang ရွာကို လာတဲ့ လူတွေရှိတယ်။
ဒါပေမယ့် Ning Weiguo ဟာ အမြဲတမ်း ငြင်းနေခဲ့တယ်။ဘာကြောင့်လဲ။
မိန်းမတစ်ယောက်က လက်ထပ်ရင် သူမက  သူမရဲ့အ၀တ်အစား နဲ့ အစားအစာတွေကို စဉ်းစားရမယ်လို့ပြောတယ်။ သူ ဂရုတစိုက် ပျိုးထောင်ထားရတဲ့ သမီးက လက်ထပ်သွားခဲ့ပြီး သူမအိမ်မှာ နေရတာထက် ပိုဆိုးခဲ့ရင် အဓိက အချက်ကဘာလဲ။
Ning Weiguo ဟာ ရေနွေးအိုးကို ယူပြီး ခွက်သုံးခွက်ကို ရေနွေး ဖြည့်လိုက်လေသည်။ နှလုံးသားချင်း စကားပြောရမယ်ဆိုရင်
" ကောင်မလေး၊ ‌အဖေ ကွေ့ဝိုက်မနေတော့ဘူး။
ဒီနေ့လာတဲ့ လူနှစ်ယောက်ထဲမှာ သမီးမျက်လုံးထဲရောက်တဲ့လူရှိလား။ မရှိဘူးဆိုရင် အဖေ သမီးအစ်ကို ကို နောက်ထပ်တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ပြောလိုက်မယ်"
Ning Tang ဟာ ခဏ လောက်စဉ်းစားပြီး
ပြောလိုက်လေသည်။
"အမှန်တော့ သူတို့နှစ်ယောက်လုံးက တော်တော်လေး ကောင်းပါတယ်"
Ning Tang က အမှန်ကို ပြောနေတာပါ။
Ning Jun က တကယ်ကို သူ့ညီမလေးကို ဂရုစိုက်တယ် ပြီးတော့ သူ မိတ်ဆက်ပေးထားတဲ့ လူနှစ်ယောက် Shen Lie နဲ့ Su Junyan က
သူသိတဲ့ လူတွေထဲမှာမှ အကောင်းဆုံးဆိုတာသေချာတယ်။ Shen Lie နဲ့ Su Junyan တို့က ကွာရှင်းပြီးသား ဒါမှမဟုတ် မုဆိုးဖို ဖြစ်ပြီး
ကလေးတွေနဲ့ ဆိုတဲ့ အချက်ကို‌ဖယ်လိုက်ရင်ပေါ့။
သူတို့တွေက ရာထူးမြင့်တဲ့ စစ်သားတွေ ပြီးတော့ လစာက ၇၀ ယွမ် ကနေ ၈၀ယွမ် အထိ ရတယ်။
မင်းသိသင့်တယ် မြို့ထဲက စက်ရုံက တရားဝင်အလုပ်သမားတွေတောင်မှ တစ်လ ၄၀ ယွမ် ရတယ်ဆိုတာ အဲ့ဒါ ကံကောင်းတယ်လို့ သတ်မှတ်နိုင်တယ်။
Shangang ရွာမှာရှိတဲ့ ရွာသားတွေက အဝါရောင်မြေကြီးကို ရင်ဆိုင်ရပြီးတော့ တစ်နှစ်လုံးအလုပ်ကြိုးစား‌တောင်မှ ၁၀၀ ယွမ် ဒါမှမဟုတ် ၅၀ ယွမ် ပဲ ရတယ်။ လစဉ် ၀င်ငွေကို ပြန်ပြောင်းလိုက်ရင် တစ်လမှ ၈ယွမ် ကျော်လောက်ပဲရတယ် ပြီးတော့အဲ့ဒါက ကောင်းတဲ့နှစ်ဆိုမှ ။
Shen Lie ရဲ့ တစ်လစာ လစာက သူတို့ရတဲ့ တစ်နှစ်စာနဲ့ ညီနေတယ်။
Ning Weiguo ဟာအတွေးရှိခဲ့တယ် Ning Jun က စစ်တပ်ထဲက မလက်ထပ်ရသေးတဲ့ ငယ်ရွယ်တဲ့စစ်သားနဲ့ မိတ်ဆက်ပေးဖို့ကို ဒါပေမယ့်
ယဉ်ကျေးမှုအဖွဲ့နဲ့ စစ် ဆေးရုံ‌တွေမှာ အလှလေးတွေနဲ့ ပြည့်နေပြီး ကောင်းမွန်စွာ တည်ဆောက်ထားခန္ဓာကိုယ်‌ရှိတဲ့ စစ်သားတွေနဲ့ သူနာပြုတွေက အမြဲတမ်း အလုပ်ရှုပ်နေတယ် ပြီးတော့ အဲ့ဒီမှာ Ning မိသားစုက ညီအစ်မ နှစ်ယောက်အတွက် အခွင့်အရေးမရှိဘူး။
Ning Tang နဲ့ Ning Xue က လှတယ် ဒါပေမယ့် ကမ္ဘာပေါ်မှာ လှတဲ့လူက အနည်းဆုံး လိုအပ်ချက်ပဲ ဖြစ်သည်။ နောက်ဆုံးတော့ Ning တွေဟာ Shangang လိုသေးငယ်တဲ့ တောင်ပေါ်ရွာက သာမာန်ရွာသားတွေဖြစ်သည်။ Ning Tang နဲ့ Ning Xue ၊ တစ်ယောက်က ပျင်းရိပြီး လောဘကြီးတယ်၊ အိမ်အလုပ်တွေလည်း မလုပ်တတ်တဲ့အပျိုကြီး ပြီးတော့ နောက်တစ်ယောက်က
စစ်သားနှစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ ကွာရှင်းထားတဲ့မိန်းမ အဲ့ဒါက စဉ်းစားရရင် လူမှုရေးလှေခါးကို တက်သွားတာပဲ။
Ning Jun ရဲ့ မိတ်ဆက်ပေးထားတာနဲ့ ဆက်ဆံရေးသာ မရှိရင် စစ်သားတစ်ယောက်ကို လက်ထပ်ဖို့ဆိုတာ ကောင်းကင်ကို တက်ဖို့ ခက်တာနဲ့ အတူတူပဲ။ ဒီနေ့ အစားအသောက်စားနေစဉ်အတွင်းမှာ
Ning Tang က Shen Lie နဲ့ Su Junyan ကို ဘာမှသိပ်မပြောဘူး။ သူမ တကယ်ကို ဘာမှမဆုံးဖြတ်ရသေးဘူး။ဘာပဲဖြစ်ဖြစ် ဇာတ်ကွက် အရဆိုရင် သူမ သူတို့ထဲက တစ်ယောက်ကိုရွေးရလိမ့်မယ်။
ဘာလို့ စုံတွဲဟောင်း၊Ning Weiguo နဲ့
Su Aijun ရဲ့သဘောကို မမေးဘဲနေရမှာလဲ။သူတို့မှာရှည်လျားတဲ့ ဘ၀နဲ့အများကြီး တွေ့ကြုံခဲ့ရတယ်၊ ပြီးတော့ သူတို့ မျက်လုံးတွေက ထက်မြတ်တယ်။ သူတို့စကားနားထောင်တာက ကောင်းလိမ့်မယ်။ ဒါကြောင့် Ning Weiguo နဲ့ Su Aijun ကိုမေးလိုက်လေသည်။
" အ‌ဖေ နဲ့အမေ ဘယ်လိုထင်လဲ "
Su Aijun ဟာ စားပွဲပေါ်က အေးနေတဲ့ရေနွေးကို တစ်ငုံ ငုံလိုက်ပြီး ဖြေလိုက်သည်။
" လူကြီးတွေပြောကြတာတော့ 'စက်ဝန်းကိုရွေးမယ်ဆိုရင်  အားသာချက်ကိုကြည့်ပြီးတော့ ၀က်ကိုရွေးမယ်ဆိုရင် ရေတိုကိုကြည့်' တဲ့"
Ning Tang က အံ့ဩသွားလေသည်။ဘာလို့ ရုတ်တရက်ကြီး ၀က်အကြောင်းရောက်သွားတာလဲ။
" အဲ့ဒါ ဘာကိုဆိုလိုတာလဲ "
Su Aijun ဟာ သူ့မရဲ့မျက်လုံးတွေကို စိတ်မရှည်စွာ လှိမ့်လိုက်ပြီး
" ဆိုလိုတာက ယောင်္ကျားတွေကို ၀က်နဲ့နှိုင်း
ယှဥ်တာ။စက်၀န်းကို ရွေးမယ်ဆိုရင် အားသာချက်ကို ကြည့်ရမယ်ဆိုတာက ယောင်္ကျားတစ်ယောက်ရဲ့ မိသားစု နောက်ခံကိုကြည့်ရမယ်လို့ပြောတာ။ ၀က်ကိုရွေးမယ်ဆိုရင် ရေတိုကိုကြည့်ဆိုတာက မင်းက သူရဲ့အမှားတွေကို သည်းခံနိုင်လားဆိုတာပဲ"
Ning Weiguo က ထပ်ပြီးပြောလေသည်။
" စစ်တပ်ထဲက စာအရ Su Junyan ရဲ့ မိဘတွေက အသက်ရှင်တုန်းပဲ ပြီးတော့သူ့မှာ အစ်မနှစ်ယောက်ရှိတယ်။သူ့မှာ ယောင်္ကျားလေးအမွှာ နှစ်ယောက်လဲ ရှိတယ်။ တစ်ဖက်မှာ Shen Lie ရဲ့မိဘတွေကတော့ ကွယ်လွန်သွားပြီးတော့ သူ့မှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။
" ဒါဆိုရင် အဲ့ဒါက Shen Lie ပဲ " လို့ Ning Tang က တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်လေသည်။ဒါဆို သူမရဲ့ ယောက္ခမတွေကို ပြုစုဖို့ သူမစိတ်အနှောက်အယှက် ဖြစ်စရာမလိုတော့ဘူး။
အခုချိန်မှာသူမ ကြားရတာကတော့ အတော်များများ ယောက္ခမတွေက သူတို့က ချွေးမတွေကနေ ‌
ယောက္ခမတွေ ဖြစ်လာဖို့ အလုပ်ကြိုးစားလာရတာလို့ ထင်နေကြပြီးတော့ ချွေးမအသစ် တံခါးက ၀င်လာတယ်ဆိုရင် သူတို့က တည်ထောင်ထားတဲ့ စည်းမျဥ်းတွေကို လိုက်နာရပြီး အရာအားလုံးမှာ အမှားလိုက်ရှာနေတတ်ကြတယ်။ ကူးပြောင်းလာကတည်းက မြင်ခဲ့တာနဲ့ ကြားခဲ့တာကို အခြေခံရရင်
ဒါက အလွတ် ပြောတာတော့ မဟုတ်ဘူး။
ဒါပေါ့ ဖြစ်နိုင်တာက Su Aijun လို ရင်းနှီးလွယ်တဲ့ ယောက္ခမတွေကို ကြုံတွေ့ရနိုင်တယ်။ ဖြစ်နိုင်တာက နည်းပြီးတော့ သူမဘ၀ကို လောင်းကစား မလုပ်နိုင်ပါဘူး။ Zhou Yin လို တစ်စုံတစ်ယောက်ကို တွေ့ကြုံရမယ်ဆိုရင် သူမ ဒုက္ခရောက်လိမ့်မယ်။
Su Aijun ဟာ စားပွဲကိုခေါက်ပြီးပြောလေသည်။
" အလျင်မလိုပါနဲ့။ သမီးနဲ့ သမီး၀မ်းကွဲ တကယ် လက်ထပ်လိုက်ရင် Hailang ကျွန်းမှာရှိတဲ့ စစ်တပ်‌ထဲ လိုက်သွားရလိမ့်မယ်။ သမီးတို့က မိဘတွေကို ၁၀နှစ်၊ ၈နှစ်လောက် မတွေ့ရဘဲ နေလိမ့်မယ်။"
Ning Tang ဟာ သူရဲ့ လျှာထုတ်ပြီး ပြောလိုက်လေသည်။
" အမေ၊ အမေပြောတာက ၁၀နှစ်၊ ၈နှစ် ၊သမီးတို့က နောက်ဆုံးတော့ မိဘတွေကိုတွေ့ရမှာပဲ။သမီးတို့က ဆက်ဆံရေးကို  ဖြတ်လို့ရလို့လား"
Ning Weiguo က ပြောလာသည်။
" အမှန်တကယ်ပြောရရင် အဖေက ရဲဘော် Su က ရဲဘော် Shen ထက်ပိုကောင်းတယ်လို့ထင်တယ်။
နောက်ဆုံးမှာတော့ Su Junyan က စကားပြောနိုင်ပြီး လူတွေကို ချော့မော့နိုင်တယ်။ အဲ့အချိန်မှာ Shen Lie က သစ်သားချောင်းလိုပဲ။ ငါတို့ သမီးသာ သူ့ကို လက်ထပ်ခဲ့ရင် သစ်သားချာင်းကို နေ့တိုင်းကြည့်ပြီး ရူးသွားနိုင်တယ်။"
"ဟွန့်" Su Aijun က ကဲ့ရဲ့လိုက်သည်။
" ကျွန်မက ယောင်္ကျားတွေ အပြောဘဲရှိပြီး အလုပ်မရှိတာကို အမုန်းဆုံးပဲ။အဲ့ဒါကိုပဲ စဉ်းစားလိုက်။
Su Junyan နဲ့ Ning Xue က သိတာဖြင့် အချိန်ခဏပဲ ရှိသေးတယ် ဒါပေမယ့် သူတို့က ညစာစားတဲ့စားပွဲမှာ စကားစမြည်ပြောနေကြပြီး တစ်ယောက်ကိုတစ်ယောက်
'ညီမ Ning Xue '
'အစ်ကို Su' လို့ခေါ်နေကြပြီ။ အဲ့‌ဒါကိုကြားရုံနဲ့ ကျွန်မရဲ့ သွားတွေကို ကိုက်စေတယ်။"
"မမျှော်လင့်ဘဲ"
Ning Tang က ဖြတ်ပြောလိုက်လေသည်။
"ဒီနေ့ သူက Ning Xue ကို ချိုချိုသာသာပြောနိုင်တယ်ဆိုရင် နောက်တစ်နေ့မှာ နောက်ထပ် တစ်ယောက်ယောက်ကို ပြောနိုင်လိမ့်မယ်"
"သမီးမှန်တယ် အဲ့ဒါက အဓိက အချက်ပဲ"
Su Aijun က စားပွဲကိုရိုက်လိုက်လေသည်။
Ning Weiguo က ခဏလောက် ချောင်းဆိုးပြီးတော့ အပြစ်တင်တာကို မလုပ်နိုင်တော့ဘူး ဒါပေမယ့် သူက အခုထိ Su Junyan က Shen Lie ထက် ပိုကောင်းတယ်လို့ ခံစား‌ရတယ်။
" မင်းအဲ့လို ပြောလို့မရဘူး။ Su Junyan မှာ နောက်ထပ် အားသာချက်ရှိသေးတယ်။။သူက စေတနာကောင်းတယ်။ အဲ့ဒါကို စဉ်းစားကြည့် သူက တင်တောင်းငွေကို ၃၀၀ယွမ် ပေးနိုင်ပြီးတော့ အဲ့အချိန်မှာ Shen Lie ကတော့ ၂၀၀ယွမ်ပဲ ပေးတယ်။"

















၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now