Part-17

3.6K 186 17
                                    

(Unicode)🥟

မနေ့ညကဖြစ်သွားသည့်ကိစ္စကို မရင်ဆိုင်ရဲသလို ကြောက်လဲကြောက်ရွံနေမိသည်။
စိတ်တွေသည်လည်းခြောက်ခြားနေခဲ့သည်။
ကိုယ့်ရဲ့ပထမဆုံးကို ယူသွားခဲ့သူက ချစ်နေရသူဖြစ်ပေမဲ့လည်း ထိုသူကိုတခြားသူပိုင်ဆိုင်ရတော့မည်ဆိုသည့် အတွေးအချို့ကလည်းခြောက်လှန့်နေပြန်သည်။

ဒါဆို.....အကုန်လုံးကစိတ်ရှိခဲ့လို့မဟုတ်ဖူးပေါ့။

"နှောင်းငြိမ့်"

"........"

မနေ့ညကအကိုကပုံမှန်မဟုတ်သည့်ပုံစံဖြစ်နေသည်။ငြိမ့်အကိုမနိုးခင်အစောကြီးအိမ်ကထွက်လာခဲ့သည်။ထိုနေ့ညကအကိုက ဆေးခတ်ခံထားရသလိုနှယ်။

"နှောင်းငြိမ့်!!"

"အာ......ဘာ....ဘာကြီးလဲ!"

အော်သံကြောင့်ငြိမ့်အတွေးတွေလေထဲလွှင့်ထွက်သွားပြီးဘေးပတ်၀န်းကျင်ကိုမျက်လုံးဝေ့၀ိုက်ကာကြည့်လိုက်တော့ ကောလိပ်၀န်းထဲကိုရောက်နေပြီပင်ဖြစ်သည်။
ခေါ်သူကတော့ ကမ္ဘာ။

"ဘာတွေအဲ့လောက်တွေးနေတာလဲ....ခေါ်နေတာတောင်မကြားဖူး"

"ဘာ....ဘာမှမဟုတ်ပါဖူး"

"နှောင်းငြိမ့်....နေမကောင်းဖူးလား၊ နှောင်းငြိမ့်မျက်နှာကဖြူစုတ်နေတယ်"

ထိုစကားကြားတော့ ငြိမ့်မျက်တောင်လေးတွေတဖျတ်ဖျတ်ခတ်သွားကာ

"ဟုတ်လား.....အဲ့တာက ဒီတိုင်း...အားနည်းနေလို့ထင်ပါတယ်"

"ဟုတ်ပါပြီ....ဂရုစိုက်"

"........"

ငြိမ့်ခေါင်းတစ်ချက်သာညိတ်ပြလိုက်သည်ပြီး အတန်းထဲသို့စကားစမြည်ပြောကာ အတူဆက်လျှောက်လာကြသည်။

အတန်းထဲရောက်တော့ ၀ဿန်တစ်ယောက်တည်းသာတွေ့သည်။
ကမ္ဘာကတော့ တစ်ခုခုကိုမျက်လုံးကစားကာရှာနေပုံ။

"၀ဿန်.....ကဗျာမရောက်သေးဖူးလား"

ငြိမ့်ခုံမှာထိုင်ရင်း မေးလိုက်သည်။

"အေး....ခုထိမရောက်သေးတော့ မလာတော့ဖူးထင်တယ်။နေမကောင်းလို့ထင်တာပဲ"

My Possessive LovelyWhere stories live. Discover now