Part-13

1.6K 75 0
                                    

(Unicode)🥟

ကျွီ!

တံခါးဖွင့်သံနှင့်အတူ ကမ္ဘာ အလောတကြီးနှင့် တံခါးထဲသို့ ၀င်သွားပြီး အိပ့်ယာပေါ်မှာကျောပေးအိပ့်နေသည့် ကဗျာ့ကိုတွေ့တော့ ကမ္ဘာယောက်ယက်ခက်သွားခဲ့ပြီး စိတ်တွေသည်လည်းအစိုးမရ။
ကမ္ဘာတစ်ခုသိတာက.....သူကဗျာ့ကိုစိတ်ပူနေတယ်!

"ကဗျာ့!...."

နာမည်ခေါ်ကာ ကဗျာ့အိပ့်နေသည့်အနားသို့ မပြေးရုံတမယ်လျှောက်သွားခဲ့သည်။

မစိမ်းသက်လှသည့် အသံလေးကြားသည်နှင့် ကဗျာ ကျောပေးအိပ့်နေရာမှ လှည့်ကြည့်လိုက်တော့....တစ်ကိုယ်လုံးစိုရွဲနေသည့် ကမ္ဘာကိုတွေ့သည်မို့ ကဗျာယောင်ရမ်းကာ ကုန်းထလိုက်မိသည်။

"ကမ္ဘာ...!"

"မင်း သက်သာရဲ့လား။ငါ မင်းကြိုက်တဲ့ ငါးဆန်ပြုတ်နဲ့ ဆေးဝင်ဝယ်ခဲ့တယ်"

"........"

ကုတင်ပေါ်တွင် ကဗျာ့အနားကပ်ထိုင်ကာ တတွတ်တွတ်ပြောနေသော ကမ္ဘာ့ကို ကဗျာကြည့်နေမိသည်။

"ခနလေးစောင့်....ငါမင်းဆေးသောက်ဖို့ ဆန်ပြုတ်သွားထည့်လိုက်ဉီးမယ်"

"........"

"........"

ထမည်အပြု ကဗျာက ကမ္ဘာ့လက်အား ဖျတ်ခနဲလှမ်းဆွဲလိုက်သည်မို့ ကမ္ဘာ ကဗျာ့ကို ဘာလဲ ဆိုသည့်အကြည့်နှင့် ကြည့်လိုက်သည်။

"မင်း.....မိုးရေထဲမှာ ဒီတိုင်းလာခဲ့တာလား"

"........"

"ဖြေလေ။အခုလဲကြည့်....တစ်ကိုယ်လုံးစိုရွဲနေတာပဲ။မတော်လို့ မင်းပါနေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

ကဗျာက ကမ္ဘာ့ကို ခုတင်ပေါ်တွင်ပြန်ထိုင်စေပြီး ကမ္ဘာ့နောက်တွင်နေကာ ကုတင်ဘေးရှိ စားပွဲပေါ်က ပုဝါအဖြူလေးကို ယူပြီး ကမ္ဘာ့ဆံပင်တွေကို ပြောရင်း ဆိုရင်းနှင့် ခပ်ဖွဖွသုတ်ပေးနေသည်။

"........"

မင်းနေမကောင်းဖြစ်နေတာကို....ငါက ဘာကိုဂရုစိုက်နေရအုံးမှာလဲကဗျာ။

"ငါပြောနေတာတွေရော ကြားရဲ့လား"

ကိုယ်ကသာ စိတ်ပူလို့ ပွစိပွစိပြောနေပေမဲ့ သကောင်သားက တုံ့တုံ့တောင်မလှုပ်ပဲ တိတ်ဆိတ်နေတာမို့ ကြည့်လိုက်မိတော့

My Possessive LovelyWhere stories live. Discover now