Chapter 64
ရှဲ့ယွင်နန်ကို ပြဿနာ လာရှာကြသူများမှာ သူ့ကို သင်ခန်းစာပေးမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။
သို့သော် ရလဒ်မှာမူ သူတို့ မျှော်မှန်းထားသည်နှင့် လုံးဝဥဿုံ ကွဲလွဲနေသည်။
သူတို့အုပ်စုထဲမှ အင်အားအကြီးဆုံးသူသည် ရှဲ့ယွင်နန်နှင့် တစ်ယောက်ချင်း တိုက်ခိုက်ရာ၌ ရှုံးနိမ့်ကာ လက်တွေ့ အရိုက်နှက်ခံလိုက်ရသည်။
သူတို့ကိုယ်တိုင်လည်း ရှဲ့ယွင်နန်၏ ကြီးမားလှသော စိတ်စွမ်းအင်ကို ခံစားမိလိုက်ကြ၏။
အပြစ်လာရှာသည့် တိုက်ခိုက်သူအားလုံး ပြောစရာစကားပင် မရှိတော့ချေ။
ထိုသူများအနက် မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့၏ ခံစားချက်များမှာ အရှုပ်ထွေးဆုံးပင်။
အစောပိုင်းက ထိုလူယုတ်မာများကို ကိုင်တွယ်ထားဖူးသည့်အလျောက် သူတို့သည် အကျိုးအကြောင်းကို သိထားကြရာ .. ရှဲ့ယွင်နန်၏ အိမ်သို့ အမြန် ပြေးလာခဲ့လိုက်သည်။
ဘာလို့ ပြေးလာတာလဲဆိုတော့ ... ပွဲကြည့်ဖို့ ...
ဟီးဟီး ရှဲ့ယွင်နန်က အဆင့်နိမ့် ယဇ်ဆရာလေးပဲ ဆိုရင်တောင် သွမ့်ချန်ချင်းက တစ္ဆေဘုရင်လေ ဒီကောင်တွေက ရှဲ့ယွင်နန်ကို ပြဿနာရှာနေတာ ကိုယ့်သေတွင်းကိုယ် တူးနေကြတာပဲ ...
ထို့အပြင် ဤရက်ပိုင်းအတွင်း ရှဲ့ယွင်နန်နှင့် အတူတူ ရှိနေခဲ့ရသည့်အတွက် ရှဲ့ယွင်နန်က သွမ့်ချန်ချင်း၏ သရုပ်မှန်ကို မသိသေးကြောင်း သတိပြုမိလိုက်သည်။ သူတို့ကလည်း သွမ့်ချန်ချင်း၏ သရုပ်မှန်ကို စိတ်တိုင်းကျ ဖော်ထုတ်၍ မရရာ ရှဲ့ယွင်နန်ကိုယ်တိုင် သိသွားမည့်အချိန်ကိုသာ စောင့်မျှော်နေကြသည်။
အဲဒီ့အခါကျ ရှဲ့ယွင်နန်က တအားကို ဒေါသထွက်သွားလောက်လား ...
သို့သော် ကိစ္စရပ်များမှာ သူတို့၏ အတွေးနှင့် လားလားမှ မတူညီပေ။
ရှဲ့ယွင်နန်က ဒီလောက်အထိတောင် အင်အားကြီးတယ်လား .. ဘာလို့ သူက စီနီယာအဆင့် ယဇ်ဆရာ ဖြစ်နေပြီလို့တောင် တွေးမိနေပါလိမ့် ...
VOUS LISEZ
ငါ့ရဲ့ နူးညံ့တဲ့ချစ်ဇနီးလေးဘယ်ရောက်သွားတာလဲ
Roman d'amourTitle - Translations novel All credit to Original Author ❤️ Only unicode 🥺 let's go