Chapter 63🧑‍🤝‍🧑

201 56 0
                                    

Chapter 63

ရှဲ့ယွင်နန်ကို ပြဿနာ လာရှာသူများမှာ အလယ်အလတ်အဆင့် တိုက်ခိုက်သူ ခုနစ်ဦး/ ရှစ်ဦးခန့်နှင့် သတ္တမအဆင့် တိုက်ခိုက်သူနှစ်ဦး ဖြစ်သည်။ သွမ့်ချန်ချင်း၏ သင်ခန်းစာ ပေးခြင်းကို ခံလိုက်ရသည့် လူငယ်နှစ်ဦးမှာ ထိုလူများ၏ ဂျူနီယာများ ဖြစ်ကြသည်။

မုန့်ယန်နှင့် သူ့လူများ တိုက်ခိုက်သည့်နေ့က ထိုသူများသည် လာရောက်ကယ်ဆယ်သည့် အဖွဲ့ထဲတွင် ပါဝင်ခဲ့သည်။ ထိုအချိန်က သူတို့သည်  မကူညီခဲ့သည့်တိုင် နောက်ပိုင်းတွင် ကူညီရန် အများအပြား ဆောင်ရွက်ခဲ့ပေသည်။

ပိုပြီး ကူညီလေလေ မမျှတဟု ခံစားမိလာလေပင် ဖြစ်သည်။

ဒဏ်ရာများစွာ ရခဲ့သော်ငြား မည်သည့်အကျိုးရလဒ်မှ ရရှိမလာ။ မိသားစုကြီးများမှ ပိုင်ဆိုင်မှုများကို ဟုန်ယဲ့မြို့တော် တည်ဆောက်ရေးအတွက် အသုံးပြုခဲ့ပြီး မြေယာများကိုလည်း သာမန်သူများအား ဝေငှပေးခဲ့သည်။

ဒါဆို သူတို့ရဲ့ အားစိုက်ထုတ်မှုတွေက အကုန် အချည်းနှီးဖြစ်ကုန်တဲ့ သဘောလား ...

သူတို့က ကောင်းကောင်းမွန်မွန် စားသောက်လိုကြသော်လည်း ကိုယ်တိုင်သာ ချက်ပြုတ်စားသောက်ကြရသည်။ တစ္ဆေဘုရင်က အရိုးရှင်းဆုံးသော ထမင်းဘူးကိုသာ ထောက်ပံ့ပေး၏။

ယနေ့လည်း သူတို့က အံ့ဖွယ်သားရဲတစ်ကောင် ဖမ်းကာ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရန်အတွက် အချိန်တစ်ခုယူကာ မြို့ထဲမှ ထွက်သွားခဲ့သည်။ ရလဒ်အနေဖြင့် ရှဲ့ယွင်နန်၏ လက်တွဲဖော်က မုန့်ယန်နှင့် ကျောက်ချင်းယွင်အား အမိန့်ပေးကာ သူတို့ကို မီးဖိုချောင်ထဲမှ ဆွဲထုတ်သွားစေပြီး အပြင်ဘက်ရှိ အေးစက်နေသည့် လေပြင်းများ အကြားတွင်လည်း အကြာကြီး မတ်တပ်ရပ်နေရန် ဖိအားပေးခဲ့သည်။

သူတို့က ရှဲ့ယွင်နန်ကိုပါ ဘဝင်မကျ ဖြစ်လာတော့သည်။

ရှဲ့ယွင်နန်က ယဇ်ဆရာဆိုတော့ရော ဘာဖြစ်လဲ သူတို့က ဟိုးအရင်ကတည်းက ယဇ်ဆရာတွေကို သဘောမကျခဲ့တဲ့  လူတွေလေ ...

ပြီးတော့ အဲဒီ့ရှဲ့ယွင်နန်က အဆင့်နိမ့်ယဇ်ဆရာပဲ ဖြစ်သေးတာလေ မုန့်ယန်နဲ့ ကျောက်ချင်းယွင်တောင် အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ့်ဟာ ငါတို့က စီနီယာအဆင့် တိုက်ခိုက်သူတွေကွ ...

ငါ့ရဲ့ နူးညံ့တဲ့ချစ်ဇနီးလေးဘယ်ရောက်သွားတာလဲ Where stories live. Discover now