Part - 19 ❤️🩺

733 33 4
                                    

(Unicode)

"ကလေးမ အိမ်မှာလိမ်လိမ်မာမာနေခဲ့နော်"

"အမလေးတော် မသိရင် စုကပဲလျှောက်သွားနေတာကြနေတာပဲ"

"ကလေးမ ကိုစိတ်ပူလို့ပြောတာပါကွာ"

"ဟုတ်ပါပြီရှင်...."

"အခုတော့ ဆေးရုံမှာ အရေးကြီးတဲ့လူနာရှိလို့ သွားလိုက်ဦးမယ် နောက်ရက်တွေ ဒီလိုပဲ လာအိပ်မယ်နော်......."

"ဟုတ်ပါပြီရှင်"

သူဇာသွယ်တစ်ယောက် သူချစ်ရတဲ့ကလေးမကို အနမ်းပေးပြီး ဆေးရုံသို့ ထွက်လာလိုက်သည်။
.
.
.
.
.
.
"ဟယ်လို ဂျူဂျူ" 📱

"ငါနဲ့ နန္ဒာ ဒီနေ့နင့်အိမ်လာခဲ့မယ်လေ။ငါတို့ မတွေ့တာ ကြာပြီလေနော်" 📱

"လာခဲ့လေ ငါလဲတစ်ယောက်ထဲ ပျင်းနေတာ" 📱

"အိုကေ သဲလေး......စားဖို့သောက်ဖို့ ပြင်ထားလိုက်တော့" 📱

"အေးပါဟယ်....." 📱

"အဲ့တာဆို ဒါပဲနော် သဲလေး ငါတို့ အခုထွက်လာခဲ့မယ်" 📱

"ဟုတ်ပါပြီရှင်" 📱

'ကောင်မစုတ်လေးတွေ အခုမှပဲ ပြန်ပေါ်လာတော့တယ်' စုတစ်ယောက် စကားတွေရေရွတ်‌ရင်း သူငယ်ချင်းတွေစားဖို့ မုန့်တွေပြင်နေလေရဲ့။
.
.
.
.
.
"ဟျောင့်ရေ စု ငါတို့ရောက်ပြီ"

"ဖြေးဖြေးအော်ပါဟယ် ငါကြားပါတယ်...."

"မသိပါဘူး ငါ့မမရဲ့ ချစ်စကားတွေနဲ့ နားပိတ်သွားတယ်ထင်တာ"

"နင်နော်.....လာအိမ်ထဲအရင်၀င်.."

"အေးအေး......"
.
.
.
"ကဲ မိစု နင်နော် မမနဲ့တွဲတာ ငါတို့ကိုတောင် မပြောပြဘူး မမပြောပြမှသိတယ်"

"ဟီး......."

"ရယ်မနေနဲ့ ကောင်မစုတ်လေးရဲ့......."

"အေးပါဟယ်....ခဏ မုန့်တွေသွားယူပေးမယ်"

"ဘာတွေလုပ်ထားတာလဲဟဲ့.....ငါဒီမှာ Soju ၀ယ်လာတယ်"

"မာလာအကင်သုပ်လေးရယ် ကြက်ကြော်လေးရယ် တော့ပိုကီလေးရယ် လုပ်ထားတယ်"

"ရေး......မိုက်ပြီပေါ့ စုနင်တော့သောက်မယ်မလား"

"သောက်မှာပေါ့ နန္ဒာသာ သူတော်စင်ကြီး"

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now