Ep 3 Uni

52 5 0
                                    

"ရာရာ အမေရေ လဝန်းပြန်လာပြီ"
(လဝန်းမေ)

‌"ကဲရောက်ပြီပေါ့ နှစ်ပါတ်လောက်ခွဲသွားလိုက်တာများ မပြောချင်ဘူး"
(ရာရာ)

"နင်ကလည်းနော် ဧည့်သည်တွေပါလာတယ်ဟ ပြီးတော့ အမေရော"
(လဝန်းမေ)

"ကြီးတင်က စားဖို့သောက်ဖို့လုပ်နေတယ် ဧည့်သည်တွေကိုအိမ်ထဲခေါ်လာခဲ့လေ"
(ရာရာ)

"အေးပါ လာ အချစ်"
(လဝန်းမေ)

"ဟုတ် အသက်"
(မြ)

"ကဲ မျက်စိနောက်မဲ့အလုပ်တွေငါ့ရှေ့မှာ မလုပ်နဲ့နော်"
(ရာရာ)

"အေးပါ လာလာ"
(လဝန်းမေ)

"ခနထိုင်အူး အငယ်လေးတွေနဲ့ ကြီးတင်ကိုသွားခေါ်ပေးမယ် ဧည့်သည်တွေအတွက်လည်း သောက်စရာတစ်ခုခုဖျော်‌ပေးမယ်နော်"
(ရာရာ)

"အေအေ သွားသွား"
(လဝန်းမေ)

ရာရာသူတို့ကိုသွားခေါ်ပြီး စာသင်ပေးဖို့ နီးနေတာမို့ စာသင်ဖို့သာပြင်ဆင်ပြီး ထွက်သွားလေသည်။ကျန်တဲ့သူတွေက ရာရာကို အာရုံမရောက်ပေမဲ့ မေယုယကဆော့ သူ့ဆီကိုအာရုံရောက်သွားခဲ့သည်။သူထွက်သွားတော့ သူမကျောပြင်လေးကို ရဲ့ရဲ့လေးမြင်ရလောက်တဲ့ထိ ဆက်ကြည့်နေမိသည်။

"ဟာ မမလဝန်း ရောက်ပြီလား သားတို့ကလွမ်းနေတာ"
(ကျော်ကြီး)

"ဟုတ်တယ် နှင်းနဲ့ပန်းမြတ်ရောပဲ မမလဝန်းကိုလွမ်းနေတာ"
နှင်းကပြောလိုက်သည်။

"လဝန်းလည်း လွမ်းတာပေါ့ ဒီကလေးတွေပဲရှိတဲ့ဟာကို ငါ့ညီမတို့ကို မိတ်ဆက်ပေးစရာရှိတယ်"

"ဟုတ် မမလဝန်း"

"ဒါက မမရဲ့အချစ် မြစိမ်းသက်လယ်ပေါ့ ဒီဘက်ကတစ်ယောက်က မမမေယုယမွန်"
(လဝန်းမေ)

လဝန်းမေမိတ်ဆက်ပေးလိုက်တော့ နာမည်ကြားတော့ ဘေးကပါလာတဲ့ယုယမွန်ကို နှင်းကြည့်မိလိုက်သည်။

"ဟာ ‌အန်တီမေ"
(နှင်း)

"အယ် အနှင်းလေးပါလား"
(မေယုယမွန်)

"ဟီး အန်တီမေ ဒီနေ့ပိုချောနေတယ်နော်"
(နှင်း)

"ဟော အနှင်းလေးကမြှောက်နေပါပြီကွယ်"
(မေယုယမွန်)

ဘဝအဆက်ဆက် ယုယပါရစေမွန်Where stories live. Discover now