Ep 1 Uni

96 10 0
                                    

ခေါင်းလောင်းသံလေးနဲ့အတူ

"ချွင်"

အရမ်းလှတဲ့အမျိုးသမီးတစ်ယောက် ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုရောက်လာခဲ့တယ် အရပ်က တော်တော်‌ လေးကိုရှည်တယ် ထိုအမျိုးသမီးဟာ ခုံလေးတစ်ခုံမှာထိုင်ပြီး မှာစရာရှိတာတွေမှာနေလေ‌ရဲ့ ထိုအမျိုးသမီးနဲ့အတူ ဆိုင်ထဲမှာ လူငယ်အဖွဲ့လေးတစ်အုပ်စုလဲရှိတယ်

"Waiter"

"ဟုတ်ကဲ့ရှင့်"

"တို့ကို pineapple juice တစ်ခွက်ပေးပါ စတော်ဘယ်ရီကိတ်တစ်ခုပေးပါ"

"ဟုတ်ကဲ့ပါရှင့် ခနနေရင်ရပါမယ် ခနလောက်စောင့်ပေးပါနော်"

"ဟေ့ ဒီကိုလာအူး ဝိတ်တာ"
(လူငယ်လေးအုပ်စုတစ်စုကခေါ်ခြင်းသာဖြစ်သည်)

"ဟုတ်ကဲ့ လာပါပြီရှင့်"

"ကိုယ်တို့ကို မင်းအနမ်းပါတဲ့ ကော်ဖီတစ်ခွက်ဖျော်ပေး"
(ထိုကောင်လေးတွေက ဝိတ်တာမလေးကိုနှောင့်ယှက်နေခြင်းပင်)

"ရှင် အ့လိုမရဘူးလေရှင့်"

"မင်းတို့ဆိုင်ကလည်းဘာဆိုင်လည်း အနမ်းလေးပေးပြီး ကော်ဖီလေးတစ်ခွက်လာချခိုင်းတာလေကွာ မင်းနားမပါဘူးလား"

"အ့လိုဟာမျိုး မရှိဘူးရှင့်"

"အိုခေလေ အ့တာမရှိဘူးဆိုရင်တော့ ‌အဆင်ပြေတဲ့ကော်ဖီလာချ မင်းကိုယ်တိုင်လာချပေးနော်"

"ဟုတ် ဟုတ်ကဲ့ရှင့်"

စောနကအမျိုးသမီးကတော့ ဖြစ်မျှအကုန်စောင့်ကြည့်နေလျက်ပေါ့

"ဒီမှာရှင့် မှာထားတာရပါပြီ"

"ကျေးဇူးပါကွယ်"

"ဟိုကောင်မလေး ငါတို့မှာထားတာမရသေးဘူးလားကွာ"

"ဟုတ် ရပါပြီ လာပါပြီရှင့်"

အသံကျယ်ကြီးအော်ပြောနေကြတဲ့လူငယ်တစ်သိုက်ကို ထိုအမျိုးသမီးသက်ပြင်းချမိပေ

"ဒိမှာ ကော်ဖီရပါပြီရှင့်"

"ကျေးဇူးကောင်မလေး"
ပြောပြီး waiter မလေးရဲ့ လက်ကိုလာကိုင်လေသည်

"ရှင်တို့ ကျွန်မလက်ကိုလွတ်ပါ"

"ဟော ဒီကောင်မလေးပြောရခက်နေတာပဲ ကိုယ်တို့နဲ့လိုက်ခဲ့လေ ဒီဆိုင်ကပေးတာထက်ဆယ်ဆပေးပါ့မယ်ကွ ဟားဟားးး" ပြောရင်းရယ်နေလေရဲ့

ဘဝအဆက်ဆက် ယုယပါရစေမွန်Where stories live. Discover now