Chapter-(4)

174 39 0
                                    

Unicode

သူသည်စုန့်မင်ဟွိုင်အပေါ်သားသမီးဝတ္ထရားမကျေပွန်ခဲ့လို့ ဖြစ်မည်ထင်။သူသည် နန်းဝူသို့ပြောင်းရွေ့ခံလိုက်ရကာ ရှကျစ်ယဲ့ ဟူသည့်အပြစ်ဒဏ်ကိုခံစားနေရလေသည်။

ရှကျစ်ယဲ့သည် သော့ကိုဆွဲထုတ်လိုက်ပြီး အခန်း616တံခါးကို ကျွမ်းကျင်စွာဖွင့်နေသည်ကို သူ့မျက်လုံးများဖြင့်ကြည့်နေရသည်။ထို့ပြင်သူသည်အံဆွဲအတွင်းမှရှကျစ်
ယဲ့ဟုရေးထားသည့် ကျောင်းသားကတ်ကိုထုတ်ပြလာသည့်အခါ စုန့်ယန်သည်သူ၏
ပတ်ဝန်းကျင်ရှိ အောက်စီဂျင်အားလုံးသည်
နိုက်ထရိုဂျင်ကဲ့သို့ အရည်ပျော်သွားသည်ဟု ခံစားလိုက်ရသည်။

ရှကျစ်ယဲ့သည်မပြင်ဆင်ရသေးသည့်စုန့်ယန်
အိပ်ရာပေါ်မှ ခေါင်းအုံးနှင့်စောင်ကိုယူကာ အောက်ထပ်ကုတင်ပေါ်တွင်ထားလိုက်သည်။

''အပေါ်က မင်းခြေထောက်တွေနဲ့အဆင်ပြေမှာမဟုတ်ဘူး။ အဲ့တော့ ဒီရက်ပိုင်းအောက်မှာပဲနေလိုက်''

စုန့်ယန်မှာမူတံခါးနားတွင်ရပ်နေဆဲဖြစ်သည်

ရှကျစ်ယဲ့သည် ခေါင်းစောင်းလာပြီး

''ဘာလို့လဲ ငါ့အောက်မှာနေရလို့မကျေနပ်
နေတာလား''

စုန့်ယန်- "……"

ဒီလူကတော့ တစ်နေ့လုံး အဓိပ္ပာယ် မရှိတဲ့စကားတွေပဲပြောနေတယ်။

"ငါ အခြားသူတွေရဲ့ကုတင်ပေါ်မှာမအိပ်တတ်ဘူး''

"ဟမ် ဟုတ်လား ဒါဆို မင်းခြေထောက်တစ်ဖက်နဲ့ဘယ်လိုတက်မလဲ ငါကြည့်နေမယ်လေ''

“……”

ဖာ့ခ်

ရှကျစ်ယဲ့သည် အနည်းငယ် ရယ်မောလိုက်ပြီး

''ဟုတ်ပါပြီ ငါ့အိပ်ရာကို အဆိုးမမြင်နဲ့တော့ အိပ်ရာခင်းနဲ့မွေ့ယာတွေက အခုမှဝယ်ထားတာ။ သူတို့ကအသစ်တွေ သန့်ရှင်းပါတယ်''

ထိုသူသည် သေချာရှင်းပြနေသောကြောင့် သူဆက်ငြင်းနေလျှင့် အကျိုးအကြောင်းမသင့်သည့်ပုံဖြစ်သွားမည်။

ငါ့ရှေ့မှာ ဆင်းရဲချင်ယောင်မဆောင်နဲ့Where stories live. Discover now