Chapter-(2)

245 47 1
                                    

Unicode

တစ်ဖက်လူက မျက်နှာနဲ့စီးပွားရေးလုပ်မယ်ဆိုရင် အတော်တန်းဖိုးရှိလောက်တယ်။

သူ့အသားအရည်ကဖြူဖွေးပြီးဆံပင်ရောင်
ကဖျော့ဖျော့လေး သူ့မှာရှည်လျားတဲ့နှာခေါင်းချွန်ချွန်လေးနဲ့ ရန်လိုပုံပေါ်တဲ့အနက်
ရောင်မျက်ခုံးမွှေးတစ်စုံလည်းရှိသေးတယ်။ ဒါပေမဲ့ သူ့မှာ မက်မွန်ပွင့်မျက်ဝန်းတစ်စုံလည်းရှိနေတော့ပုံမှန်အတိုင်းနေနေရင်တောင် ပြုံးနေတဲ့ပုံပေါ်နေတယ်

ထို့ကြောင့်သူ ပျင်းရိစွာပြုံးလိုက်သည့်အခါ သူ၏နှာခေါင်းညာဘက်ခြမ်းရှိမှဲလေးသည် အရိုက်ခံရရန်တောင်းဆိုနေသလိုပင်။

သူ၏ပုံစံမှာ မိန်းကလေးများကိုဆွဲဆောင်နိုင်မည့်ပုံမျိုးဖြစ်သည်။

ဒါပေမဲ့ သူ့ဦးနှောက်ကတော့သိပ်မကောင်းတဲ့ပုံပဲ။

စုန့်ယန်သည် ငတုံးများနှင့်ဆက်ဆံရန်အလွန်ပျင်းလွန်းသဖြင့် သူ့ထီးကိုပြန်ဆောင်းလိုက်ကာ ထွက်ခွာသွားသည်။

သို့သော် ထိုအရူးသည် သူ့ပခုံးပေါ်သို့လက်
တင်လိုက်ပြီး တိုးလျညင်သာသောအသံဖြင့်ရယ်လိုက်သည်။

''အတန်းဖော်အလှလေးက ငါ့ကိုကူညီပေးရင်ကော ဘယ်လိုလဲ''

သူ စကားပြောပြီးသည်နှင့် ဆံပင်ကောက်နှင့်အဖွားအိုတစ်ဦးသည် လမ်းကြားအဝင်ဝသို့ရောက်လာခဲ့သည်။

''ရှောင်ယဲ့၊ အဲ့လူတွေ ထပ်ရောက်လာသေးတယ်လို့ငါကြားတယ်။ မင်း သူတို့နဲ့ ရန်ထပ်ဖြစ်လိုက်သေးလား''

သူမ၏ပုံစံသည် ရှကျစ်ယဲ့က အခြားသူတွေနဲ့ရန်ထပ်ဖြစ်ခဲ့တယ်လို့ ဖြေလိုက်လျှင်ပင် ချက်ချင်းနှလုံးဖောက်သွားမည့်ပုံမျိုးဖြစ်သည်။

ရှကျစ်ယဲ့သည်အခွင့်အရေးကိုဆုပ်ကိုင်လိုက်ပြီးစုန့်ယန်၏ပခုံးကို ဖက်ကာ နောက်သို့ဆွဲယူလိုက်သည်။ထို့နောက်သူသည် ဖြည်းညှင်းစွာရယ်လိုက်ပြီး

''မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီမှာ အားသက်ရောက်မှုအကြောင်းကိုဆွေးနွေးနေကြတာ''

ငါ့ရှေ့မှာ ဆင်းရဲချင်ယောင်မဆောင်နဲ့Where stories live. Discover now