Ch-2

178 33 0
                                    

အခန်း(၂) - တစ်လကို မုန့်ဖိုးငွေ တစ်သန်းခွဲ

ရှန်းမူမူသည် စားဖို့အတွက် တူကို ကိုင်ယူခါနီးတွင် အိမ်တော်ထိန်းအား စိတ်ရင်းမှန်ဖြင့် ပြောခဲ့သည်။

"ကျေးဇူးပါရှင်"

အိမ်တော်ထိန်းလည်း သူမ၏ စကားကြောင့် ခဏတာ ရပ်တန့်သွားခဲ့သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး သခင်မ၊ ဒါက ကျွန်တော့်အလုပ်ပါ"

အိမ်တော်ထိန်းအတွက် တွေးတောစရာ ဖြစ်သွားခဲ့သည်။

သူမက ထူးဆန်းနေသည်။

ပုံမှန်ဆိုလျှင် သခင်ကြီးအိမ်မှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သခင်မသည် အိမ်တော်ထိန်းနှင့် အစေခံများကို အထက်စီးဆန်ဆန် ဆက်ဆံတတ်လေသည်။

သို့သော် ဒီနေ့အဖို့တော့ သူမသည် ကျေးဇူးတင်စရာ ပြောဆိုခဲ့ပြီး ထိုသို့ပြောခဲ့သည်မှာလည်း စိတ်ရင်းမှန်ဖြင့် ပြောကြောင်း သိသာနေသည်။

အိမ်တော်ထိန်းမှာ သူမ၏ ထူးဆန်းသော အပြုအမူမည်သို့ကြောင့် ပြောင်းလဲသွားသည်ကို စဉ်းစားမရခင်မှာပင် ရှန်းမူမူသည် စကားတစ်ခွန်းထပ် ပြောလာခဲ့သည်-

"အိမ်တော်ထိန်းကျန်း၊ ရှင်ရော စားပြီးပြီလား၊ မစားရသေးရင် ကျွန်မနဲ့အတူ စားပါလား"

ဟင်းလျာများပြည့်လျှံနေသော စားပွဲကိုကြည့်ပြီး ရှန်းမူမူသည် တစ်ယောက်တည်း စားရမည်ကို နှမြောမိသဖြင့် ယခုကဲ့သို့ ရင်းနှီးသောကမ်းလှမ်းမှုကို ထုတ်ပြောခဲ့ခြင်းဖြစ်သည်။

အိမ်တော်ထိန်းမှာ ထိုကမ်းလှမ်းမှုကြောင့် ဂုဏ်ယူမိပြီး ချက်ချင်းပင် ခေါင်းခါလိုက်သည်၊ "မ...မစားတော့ပါဘူး သခင်မ"

အလွန်ပင် ထူးဆန်းနေသည်။

သခင်လေး၏ ဆယ်ကျော်သက်အရွယ် ဆိုးသွမ်းမှုကို ကြုံတွေ့နေရသောကြောင့် သခင်မ၏ စိတ်နေသဘောထားနှင့် သည်းခံနိုင်စွမ်းသည် ပြောင်းလဲသွားသည်လော။

သူမသည် လုံးဝကို ပြောင်းလဲသွားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေပေသည်။

ယနေ့သည် သောကြာနေ့ဖြစ်သောကြောင့် သခင်လေးမှာ သူ၏ သူငယ်ချင်းများကို အိမ်သို့ခေါ်လာပြီး ညဘက်ဆော့ကစားကြမည် ဖြစ်သည်။

ရှင်ရှာသမျှ ပိုက်ဆံ ကျွန်မ သုံးဖြုန‌်းပေးမယ်Where stories live. Discover now